မြန်မာ့ခရီးသွားကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန် တရုတ်ကို ဖိတ်ခေါ်

ရန်ကုန်၊ နိုဝင်ဘာ ၂၁

တရုတ်နိုင်ငံအနေဖြင့် အာဆီယံဒေသ၊ အထူးသဖြင့် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရန် ဖိတ်ခေါ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က ပြောသည်။

“မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံရန် အခွင့်အလမ်းများ များစွာရှိပါကြောင်း။” ၎င်းကပြောကြားသည်။

လက်ရှိ မြန်မာနိုင်ငံအတွင်းသို့ လေကြောင်းခရီးဖြင့် ဝင်ရောက်လာမည့် တရုတ်နိုင်ငံသား ကမ္ဘာ့လှည့်ခရီးသွားများအတွက် ဆိုက်ရောက်ဗီဇာ (ကမ္ဘာလှည့်) Tourist Visa On Arrival ခွင့်ပြုပေးထားသည့်အတွက် ယခုနှစ် ခရီးသွားရာသီတွင် တရုတ်ခရီးသွားဧည့်သည်များ ဝင်ရောက်လာရန်ရှိသည်ဟု ခရီးသွားလုပ်ငန်းရှင်အသိုင်းအဝိုင်းမှ သိရသည်။

“တရုတ်နဲ့ အိန္ဒိယကို ဆိုက်ရောက်ဗီဇာ ခွင့်ပြုပေးထားပြီးပြီဆိုတော့ တရုတ်ခရီးသွားတွေ အထူးဝင်ရောက်လာဖို့ ရှိတယ်။ ဒီနှစ်မှာတော့ ပိုပြီးဝင်ရောက်လာမယ်လို့ ခန့်မှန်းထား တယ်။” ဟု မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယခုနှစ်အတွင်း နိုင်ငံအတွင်းသို့ ပြည်ပခရီးသွားဝင်ရောက်မှုက ယခင်နှစ်ကထက် ၅ ဆခန့် မြင့်တက်လာကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ တရားဝင်အချက်အ လက်များအရ သိရသည်။

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ စက်တင်ဘာလကုန်အထိ ပြည်တွင်းသို့ နိုင်ငံတကာမှ ခရီးသွားဧည့်သည်များ ဝင်ရောက်မှုကိုကြည့်ပါက ပြီးခဲ့သည့်နှစ် ကာလတူထက် ဦးရေ (၇၃၀,၇၃၀) တိုးတက်လာခဲ့ကြောင်း သိရသည်။

ပြည်ပခရီးသွားများ လာရောက်လည်ပတ်ပါက ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနအနေဖြင့် ခရီးစဉ်ဒေသ (၁၄) ခုကို ထောက်ခံအဆိုပြုထားကြောင်း ဟိုတယ်နှင့် ခရီးသွား လာရေးဝန်ကြီးဌာနမှ သိရသည်။

#စုစု

ဓာတ်ပုံ – စီဂျေ

#ယနေ့ခေတ်

မြန်မာ့ခရီးသွားကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန် တရုတ်ကို ဖိတ်ခေါ် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.