မြန်မာအရေးနှင့်ပတ်သက်ပြီး ပိုမိုတက်ကြွစွာ ပါဝင်ဆောင်ရွက်ရန် အာဆီယံအဖွဲ့ကို ထိုင်းအစိုးရ တိုက်တွန်း

ဘန်ကောက်၊ ဧပြီ ၂၈

မြန်မာအရေးကို ဖြေရှင်းနိုင်ရန်ကြိုးပမ်းရာတွင် အာဆီယံအဖွဲ့ကို လက်ရှိထက် ပိုမိုတက်ကြွစွာ ပါဝင်ဆောင်ရွက် စေလိုကြောင်း ထိုင်းအစိုးရက တိုက်တွန်းလိုက်သည်။

ထိုင်းနှင့်မြန်မာနယ်စပ်ဒေသတွင် ပြီးခဲ့သောရက်ပိုင်းက တိုက်ပွဲများဖြစ်လာခဲ့ပြီးနောက်ပိုင်း ထိုင်းအစိုးရက အာဆီ ယံအဖွဲ့ကို တိုက်တွန်းတောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်က နိုင်ငံအရေးအာဏာ အငြင်းပွားမှုများဖြစ်လာခဲ့ပြီးနောက်ပိုင်း အာဆီယံအဖွဲ့က ကြားဝင်စေ့စပ်ရန် ကြိုးပမ်းခဲ့ပြီး မြန်မာအစိုးရအဖွဲ့အကြီးအကဲနှင့် တွေ့ဆုံဆွေးနွေးကာ အာဆီယံသဘာတူညီချက်ငါးချက်ကို ရယူနိုင်ခဲ့ကြောင်း သိရသည်။

သို့သော်လည်း အာဆီယံသဘောတူညီချက်ငါးချက်တွင် ပါဝင်နေသောအချက်များ လက်ရှိအချိန်အထိ တိုးတက် ကောင်းမွန်မှုမရှိသည့်အတွက် ဝေဖန်ပြစ်တင်မှုများ ရှိနေဆဲဖြစ်သည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ နီကွန်ဒီ ဘလန်ကူရာက “ မြန်မာအရေးနဲ့ပတ်သက်ပြီး အာဆီယံအဖွဲ့ကို ပိုမိုတက်ကြွစွာ ပါဝင်ဆောင်ရွက်တာ တွေ့မြင်လိုတယ်။ ကျွန်တော်တို့ဟာလက်ရှိအချိန်မှာ မြန်မာအရေးနဲ့ပတ်သက်ပြီး အာဆီယံအလှည့်ကျဥက္ကဌအဖြစ် တာဝန်ယူနေတဲ့ လာအိုနိုင်ငံနဲ့ဆွေးနွေးနေတယ်။” ဟု ပြောသည်။

ထိုအပြင်၎င်းက “ တပ်မတော်နဲ့ ကရင်လက်နက်ကိုင်အဖွဲ့ကြား ဖြစ်ပွားတဲ့တိုက်ပွဲတွေဟာ မြဝတီမြို့မှာဖြစ်ပွားခဲ့တယ်။ ထိုင်းနိုင်ငံနဲ့နီးစပ်တဲ့နေရာနားမှာ တိုက်ပွဲတွေဖြစ်ပွားလာခဲ့တယ်။ အာဆီယံဟာ မြန်မာအရေးနဲ့ပတ်သက်ပြီး လက်ရှိထက် ပိုမိုဆောင်ရွက်ဖို့ လိုအပ်နေတယ်။” ဟု ပြောသည်။

မြဝတီမြို့တွင် တိုက်ပွဲများဖြစ်လာခဲ့ပြီးနောက် မြန်မာနိုင်ငံသားများ ထိုင်းနိုင်ငံဘက်ခြမ်ကို နေရပ်စွန့်ခွာခြင်းများရှိခဲ့သလို နယ်စပ်ကုန်သွယ်ရေးများ ထိခိုက်ခဲ့ရကြောင်း သိရသည်။

ထိုင်းအစိုးရသည် လက်ရှိအချိန်တွင် မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးပြန်လည်ရယူနိုင်ရန်နှင့် တွေ့ဆုံဆွေးနွေးမှုများ ဖြစ်လာစေရန်အတွက် တွေ့ဆုံဆွေးနွေးမှုများလုပ်ဆောင်ရန် အာဆီယံအဖွဲ့၏ အဓိကနိုင်ငံများကို တိုက်တွန်းထားကြောင်း ပြီးခဲ့သောရက်ပိုင်းက ထိုင်းသတင်းများတွင် ဖော်ပြခဲ့သည်။

ကောင်းထက်ငွေ

asiaone.com/asia

မြန်မာအရေးနှင့်ပတ်သက်ပြီး ပိုမိုတက်ကြွစွာ ပါဝင်ဆောင်ရွက်ရန် အာဆီယံအဖွဲ့ကို ထိုင်းအစိုးရ တိုက်တွန်း အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.