မြန်မာအရေးနှင့်ပတ်သက်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများ တွေ့ဆုံဆွေးနွေးရန် ထိုင်းအစိုးရ တိုက်တွန်း

ဘန်ကောက်၊ ဧပြီ ၂၅

ထိုင်းအစိုးရသည် မြန်မာအရေးနှင့်ပတ်သက်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ အဓိကနိုင်ငံများပါဝင်မည့် တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ရန် လက်ရှိအာဆီယံဥက္ကဌအဖြစ် တာဝန်ယူနေသည့် လာအိုနိုင်ငံတို့ကို တိုက်တွန်းတောင်းဆိုလိုက်ကြောင်း သိရသည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ နီကွန်ဒီ ဘလန်ကူရာက မြန်မာအရေးအတွက် တွေ့ဆုံဆွေးနွေးမည့်အစည်းအဝေးကို ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည်ဖြစ်ပြီး၊ အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့ ပူးပေါင်းပါဝင်ဖွယ်ရှိနေကြောင်း ပြောသည်။

မြန်မာနိုင်ငံရေးအခက်ခဲများကို ဖြေရှင်းနိုင်ရန်ရည်ရွယ်ချက်ဖြင့် အာဆီယံအဖွဲ့၏ အဓိကနိုင်ငံအချို့ ပူးပေါင်းပါဝင်မည့် တွေ့ဆုံဆွေးနွေးပွဲများပြုလုပ်ရန် ထိုင်းအစိုးရကတိုက်တွန်းတောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံသည် အဆိုပါတွေ့ဆုံဆွေးနွေးပွဲကို တက်ရောက်ရန် အာဆီယံဥက္ကဌ လာအိုနိုင်ငံအပြင် မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံတို့ကိုလည်း တိုက်တွန်းတောင်းဆိုခဲ့ကြောင်း သိရ သည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနပြောရေး ဆိုခွင့်ရှိသူသည် မြန်မာအရေးအတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံများ တွေ့ဆုံဆွေးနွေးမည့်အချက်ကို ထုတ်ဖော်ပြောဆိုခဲ့သော်လည်း နောက် ထပ်လုပ်ဆာင်မည့် အကြောင်းအရာများကို အသေးစိတ်ပြောဆိုခြင်းမရှိခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ၊ မြဝတီမြို့တွင် တိုက်ပွဲဖြစ်ပွားမှုအရှိန် လျော့နည်းသွားပြီး ထိုင်းနိုင်ငံဘက်ခြမ်းသို့ နေရပ်စွန့်ခွာသူများလည်း မိခင်နိုင်ငံသို့ ပြန်သွားခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် နေရပ်စွန့်ခွာတိမ်းရှောင်လာသူ မြန်မာနိုင်ငံသား ၆၅၀ ဦးကျန်ရှိနေပြီး မကြာမီ မိခင်နိုင်ငံသို့ ပြန်ဖွယ်ရှိနေကြောင်း သိရသည်။

ထိုင်းအစိုးရအနေဖြင့် နယ်စပ်ဖြတ်သန်းသွားလာခြင်းကို မကြာခင် ပြန်လည်ခွင့်ပြုပေးဖွယ်ရှိနေေကြောင်း သိရသည်။

ကောင်းထက်ငွေ

thejakartapost.com

မြန်မာအရေးနှင့်ပတ်သက်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများ တွေ့ဆုံဆွေးနွေးရန် ထိုင်းအစိုးရ တိုက်တွန်း အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.