မြန်မာအရေးကို ကြားဝင်ဖြေရှင်းပေးနိုင်ရန် မဆုတ်မနစ်ကြိုးပမ်းနေကြောင်း ထိုင်းဝန်ကြီးချုပ် ဆို

ဘန်ကောက်၊ မေ ၂၅

ထိုင်းအစိုးရအနေဖြင့် မြန်မာအရေးကို ကြားဝင်ဖြေရှင်းပေးနိုင်ရန် မဆုတ်မနစ်ကြိုးပမ်းလျက်ရှိနေကြောင်း ထိုင်းဝန်ကြီးချုပ် ဆာရက်သာတာဗီဆင်က ထုတ်ဖော်ပြောဆိုလိုက် သည်။

ထိုင်းနိုင်ငံသည် မြန်မာအရေးကိစ္စကို ဖြေရှင်းနိုင်ရန် အာဆီယံအလှည့်ကျဥက္ကဌအဖြစ် တာဝန်ယူနေသော လာအိုနိုင်ငံအပြင် အခြားအာဆီယံအဖွဲဝင်နိုင်ငံများနှင့် ဆွေးနွေးတိုင်ပင်နေကြောင်း ထိုင်းဝန်ကြီးချုပ်က တိုကျိုမြိုတွင် မေလ ၂၄ ရက်နေ့က ကျင်းပခဲ့သော ဂျပန် Future of Asia Forum တွင်ထည့်သွင်းပြောဆိုခဲ့သည်။

ထိုင်းအစိုးရအဖွဲသည် လက်ရှိအချိန်တွင် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာနေရသည့် ထိုင်းနယ်စပ်ဒေတစ်လျှောက်က မြန်မာပြည်သူများကို လူသားချင်းဆိုင်ရာ စာနာမှုအကူအညီများပေးနိုင်ရန် ကြိုးပမ်းနေကြောင်း ဝန်ကြီးချုပ်ဆာရက်သာတာဗီဆင်က ထပ်မံပြောဆိုခဲ့သည်။

ထိုင်းဝန်ကြီးချုပ်ဆာရက်သာတာဗီဆင်က “ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ စည်းလုံးညီညွှတ်မှုများဖြစ်ရေးတို့အတွက် မဆုတ်မနစ်ကြိုးပမ်းနေတယ်။ ကျွန်တော်တိုဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီပြန်လည်ရရှိတာတွေ့မြင်လိုတယ်။” ဟု ပြောသည်။

မြန်မာနိုင်ငံသည် ထိုင်းနိုင်ငံနှင့်နယ်စပ်ချင်းထိစပ်နေသည့်အတွက် နယ်စပ်ဒေသတွင် တိုက်ပွဲများဖြစ်လာခဲ့ပြီးနောက် မြန်မာနိုင်ငံသားများသည် ထိုင်းနိုင်ငံဘက်ခြမ်းသို နေရပ်စွန့်ခွာတိမ်းရှောင်ခြင်းများရှိခဲ့ကြောင်း၊ ထိုင်းအစိုးရအနေဖြင့် လက်ရှိအချိန်တွင် မြန်မာနိုင်ငံရေးအငြင်းပွားမှုများကို ဖြေရှင်းနိုင်ရန် ကြိုးပမ်းနေကြောင်း ထိုင်းဝန်ကြီးချုပ်က ပြောသည်။

ထိုင်းနှင့်မြန်မာနယ်စပ်ဒေသမြိုဖြစ်သော ကရင်ပြည်နယ်မြဝတီမြိုတွင် မကြာသေးမီက တိုက်ပွဲများဖြစ်ပွားလာခဲ့ရာ ထိုင်းနိုင်ငံဘက်ခြမ်းသို မြန်မာနိုင်ငံသားများ နေရပ်စွန့်ခွာတိမ်းရှောင်မှုများရှိလာခဲ့ကြောင်း သိရသည်။

ကောင်းထက်ငွေ

bangkokpost.com

မြန်မာအရေးကို ကြားဝင်ဖြေရှင်းပေးနိုင်ရန် မဆုတ်မနစ်ကြိုးပမ်းနေကြောင်း ထိုင်းဝန်ကြီးချုပ် ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.