ဘန်ကောက်၊ နိုဝင်ဘာ ၄
ထိုင်းနိုင်ငံ၊ လှဘူရီခရိုင်ရှိ မြန်မာရွှေ့ပြောင်းလုပ်သား ၁၃၅ ဦး လုပ်ကိုင်လျက်ရှိသော အထည်ချုပ်စက်ရုံတစ်ခုက ကြိုတင်အကြောင်းကြားခြင်းမရှိပဲ ပိတ်သိမ်းလိုက်သဖြင့် မြန်မာအလုပ်သမားများ အလုပ်လက်မဲ့နှင့် ရင်ဆိုင်ကြုံတွေ့နေရကြောင်း မြန်မာရွှေ့ပြောင်းလုပ်သားများ ကူညီစောင့်ရှောက်ရေး AAC မဟာမိတ်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
“ အဲဒီ အထည်ချုပ်စက်ရုံပိုင်ရှင်က အလုပ်လုပ်နေတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေကို ကြိုတင်အသိပေး အကြောင်းကြားခြင်းမရှိဘဲ ရုတ်တရက်ပိတ်သိမ်းလိုက်တယ်။ အလုပ် သမားများကို ထိုင်းအလုပ်သမားဥပဒေအရ အလုပ်သမားတစ်ဦးချင်း အလုပ်သက်တမ်းအလိုက် အကျိုးခံစားပိုင်ခွင့် အလုပ်လက်မဲ့ နစ်နာကြေးများ ဆုံးရှုံးနေရှိနေတယ်။ စက်ရုံ ပိုင်ရှင်ဖြစ်သူက မြန်မာလုပ်သားတွေကို လွန်ခဲ့တဲ့သုံးလခန့်ကစတင်ပြီး တစ်ပတ်ကိုလေးရက် အလုပ်ဆင်းနဲ့ အလုပ်နားရက် သုံးရက်ပေးတဲ့ ပုံစံမျိုးရှိခဲ့တယ်လို့ အလုပ်သမားတွေပြောပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၄ ရက်က တရားဝင်အသိပေးခြင်းမရှိဘဲ အလုပ်သမားတွေရဲ့ ဖုန်း Messenger နဲ့ Line တွေကနေတစ်ဆင့် စက်ရုံပိတ်လိုက်ပြီလို့ပဲ။ စာပေးပို့လိုက်တယ်။” ဟု မြန်မာရွှေ့ပြောင်းလုပ်သားများ ကူညီစောင့်ရှောက်ရေး AAC မဟာမိတ်အဖွဲ့က တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
အဆိုပါ အထည်ချုပ်စက်ရုံတွင် အချို့မြန်မာရွှေ့ပြောင်းလုပ်သားအများအစုက လုပ်သက် ၁၀ နှစ်ကျော် လုပ်ကိုင်ခဲ့သူများလည်းရှိကြောင်း သိရသည်။
“ အထည်ချုပ်စက်ရုံက ရုတ်တရက်ပိတ်လိုက်တော့ အလုပ်သမားတွေမှာ နစ်နာမှုတွေအများကြီးနဲ့ အခက်အခဲတွေနဲ့ ကြုံရတာပေါ့။ နောက်ပြီး အလုပ်လက်မဲ့ဖြစ်သွားတာရယ်၊ နစ်နာကြေးတွေကို မရတာကြောင့်ဖြစ်တယ်။” ဟု ၁၀ နှစ်ကျော်ကြာလုပ်ကိုင်ခဲ့သူ မြန်မာရွှေ့ပြောင်းလုပ်သား အထည်ချူပ်ဝန်ထမ်း အမျိုးသမီး မသီရိအောင်က ယနေ့ခေတ်သို့ ပြောသည်။
မြန်မာရွှေ့ပြောင်းလုပ်သားများလုပ်ကိုင်သည့် အထည်ချုပ်စက်ရုံတွင် အော်ဒါအဝင်နည်းပြီး ရေရှည်ရပ်တည်ဖို့အတွက် အခက်အခဲရှိလာခြင်းကြောင့် စက်ရုံပိတ်သိမ်းလိုက်ရခြင်း ဖြစ်ကြောင်း မြန်မာရွှေ့ပြောင်းလုပ်သားများ ကူညီစောင့်ရှောက်ရေး AAC မဟာမိတ်အဖွဲ့က အလုပ်ရှင်နှင့် တွေ့ဆုံမေးမြန်းစဥ် အထက်ပါအတိုင်း ဖြေဆိုခဲ့ကြောင်း သိရသည်။
ထို့နောက် မြန်မာရွှေ့ပြောင်းလုပ်သားများက ထိုင်းအလုပ်သမားဥပဒေအရ အလုပ်မှနစ်နာကြေးများကို အပြည့်အဝပေးဆောင်ဖို့ AAC မဟာမိတ်အဖွဲ့ကို သွားရောက် အကူအညီ တောင်းခံခဲ့ကြောင်း သိရသည်။
လက်ရှိ မြန်မာရွှေ့ပြောင်းလုက်သားများက နိုဝင်ဘာလ ၂ ရက်နှင့် နိုဝင်ဘာ ၃ ရက်တို့တွင် အလုပ်သမား ၁၃၅ ဦးက နှစ်သုတ်ခွဲပြီး ထိုင်းတရားရုံး၌ ဦးတိုက်လျှောက် တိုင်ကြားခဲ့ကြောင်း သိရသည်။
မြန်မာရွှေ့ပြောင်းလုပ်သား ၁၃၅ ဦးအား ထိုင်းနိုင်ငံရှိ အထည်ချုပ်စက်ရုံက အလုပ်ရပ်နား အတွက် မှတ်ချက်များ 0 ခုရှိပါတယ်