မြန်မာရွှေ့ပြောင်းလုပ်သား ပထမအသုတ် ဧပြီတွင် ရုရှားသို့စေလွှတ်မည်

ရန်ကုန်၊ မတ် ၅

မြန်မာ့ရွှေ့ပြောင်းအလုပ်သမား ပထမအသုတ်ကို ၂၀၂၅ ခုနှစ်၊ ဧပြီလတွင် ရုရှားသို့စေလွှတ်သွားမည်ဖြစ်ကြောင်း အေဂျင်စီများထံမှ စုံစမ်းသိရှိရသည်။‌

ရုရှားနိုင်ငံ၏ ကုန်ထုတ်စက်မှုလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍများတွင် လုပ်ကိုင်ရမည်ဖြစ်ပြီး ယင်းအတွက် အလုပ်ကမ်းလှမ်းစာများကို ရရှိထားပြီးဖြစ်ကြောင်း သိရသည်။

“ ဧပြီလထဲလောက်ကို ပထမအသုတ်စေလွှတ်ဖို့ရှိတယ်။ လောလောဆယ်တော့ အေဂျင်စီလေးခုလောက်ကပဲပို့မယ်။ ပို့ချင်တဲ့အေဂျင်စီတွေကတော့ ရှိတာပေါ့။ ဒါပေမယ့်လည်း မူဝါဒက ခဏခဏပြောင်းနေတာ။ အခုတောင် ထွက်လို့မရတာလေ။ သိပ်တော့မရင်းရဲဘူး။” ဟု ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ပထမအသုတ်အနေဖြင့် ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် လုပ်ကိုင်ရန် မြန်မာအလုပ်သမား ၁၀,၀၀၀ ခန့် စေလွှတ်မည်ဖြစ်ကြောင်း၊ သွားရောက်လုပ်ကိုင်လိုသည့် အလုပ်သမားများသည် အေဂျင်စီဝန်ဆောင်ခ သို့မဟုတ် အခြားကုန်ကျစရိတ်များ ပေးဆောင်စရာမလိုကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၄ ရက်က ရုရှားသို့ MoU လုပ်သားစေလွှတ်ရန် နှစ်နိုင်ငံသဘောတူလက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ပြည်ပအလုပ်အကိုင်အေဂျင်စီများအနေဖြင့် ပြည်ပသို့လုပ်သားစေလွှတ်မှုကို ရပ်နားထားကြောင်း၊ စစ်မှုထမ်းရန်အကျုံးဝင်သည့် အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်းအ မျိုးသားများကို ပြည်ပထွက်ခွာခွင့် ပိတ်ထားသည်။

#စုစု

ဓာတ်ပုံ – google

#ယနေ့ခေတ်

မြန်မာရွှေ့ပြောင်းလုပ်သား ပထမအသုတ် ဧပြီတွင် ရုရှားသို့စေလွှတ်မည် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.