ဘန်ကောက်၊ မတ် ၇
ထိုင်းနိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင်လက်ရှိဖြစ်ပွားနေသည့် နိုင်ငံရေးအခြေနေများနှင့်ပတ်သက်ပြီး စိုးရိမ်မိကြောင်း၊ အထူးသဖြင့် ပြည်သူများနှင့်ပတ်သက်ပြီး စိုးရိမ်နေရကြောင်းကုလသမဂ္ဂဆိုင်ရာ ထိုင်းသံအမတ်ကြီး ယူစာနာ ဘီရာနန်ဒါက ဆွတ်ဇာလန်နိုင်ငံဂျနီဗာမြို့တွင် ကျင်းပခဲ့သော လူအခွင့်ရေးကောင်စီအစည်းအဝေးအတွင်း မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး ဆွေးနွေးရာတွင် ထည့်သွင်းပြောဆိုခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံ၏အခြေနေသည် စိုးရိမ်ရသောအခြေနေမျိုးရှိနေသည့်အတွက် ထိုင်းနိုင်ငံသည် အာဆီယံသဘောတူညီချက်ငါးချက်ကို အကောင်ထည်ဖော်နိုင်ရန် ကူညီထောက်ပံ့ပေးရန်အတွက် ထိုင်းနှင့်မြန်မာနယ်စပ်ဒေတစ်လျှောက်ရှိ နေရပ်စွန့်ခွာနေရသူများကို လူသားချင်းဆိုင်ရာ စာနာမှုအကူအညီ အများအပြားကူညီပေးနိုင်ရန် ဦးဆောင်စီစဉ်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။
မြန်မာနိုင်ငံတွင် ဒီမိုကရေစီပြန်လည်ရရှိစေရန်၊ အမျိးသားပြန်လည်သင့်မြတ်စေရန်၊ အားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးမှုများပြုလုပ်စေရန် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများအပြင် အာဆီယံ၏အခြားမိတ်ဖက်နိုင်ငံများအားလုံး ဝိုင်းဝန်းကူညီပေးရန် ထိုင်းနိုင်ငံကမျှော်လင့်ထားကြောင်း သိရသည်။
ထိုင်းနိုင်ငံသည် ထိုင်းနှင့်မြန်မာနယ်စပ်ဒေသရှိ မြန်မာနေရပ်စွန့်ခွာသူများကို လူသားချင်းဆိုင်ရာ စာနာမှုအကူအညီပေးနိုင်ရန်အတွက် ဦးဆောင်လုပ်ကိုင်နေပြီး ထိုင်းနိုင်ငံခြားရေးဝန် ကြီးကိုယ်တိုင် နယ်စပ်ဒေသကို သွားရောက်လေ့လာခဲ့ပြီး မတ်လအတွင်း အကူညီပေးရေးလုပ်ငန်းစဉ်များ စတင်နိုင်ရန် မျှော်လင့်ထားကြောင်း မကြာသေးမီက ထုတ်ဖော်ပြောဆိုထားသည်။
reliefweb.int/report
မြန်မာပြည်သူများအတွက် စိုးရိမ်မိကြောင်း ထိုင်းသံအမတ်ကြီး ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်