မြန်မာနှင့် ကမ္ဘောဒီးယားနိုင်ငံတို့၏ ပြည်ပဆန်တင်ပိုမှုများ လာမည့် ၁၀ နှစ်အတွင်း ဆက်လက်မြင့်တက်နေမည်

ရန်ကုန်၊ ဇူလိုင် ၅

မြန်မာနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို၏ ဆန်စပါးထုတ်လုပ်တင်ပိုမှုများသည် လာမည့် ၁၀ စုနှစ်တွင်း မြင့်တက်လာဖွယ်ရှိနေကြောင်း စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံဖြိုးရေးအဖွဲစည်း(OECD) နှင့် ကုလသမဂ္ဂလက်အောက်ခံအဖွဲစည်းတစ်ခုဖြစ်သော (FAO), အဖွဲတို့က ခန့်မှန်းသုံးသပ်လိုက်သည်။၊

(OECD) အဖွဲနှင့် စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ FAO တို့က ကမ္ဘာဆန်စပါးထုတ်လုပ်မှုပိုင်းသည် ၂၀၂၃ ခုနှစ်တွင် ဆန်စပါးတန်ချိန် ၅၈၇ သန်းသာရှိခဲ့သော်လည်း လာမည့် ၁၀ နှစ်တွင်း အဆိုပါပမာဏာထက် ၁၁ ရာခိုင်နှုန်း မြင့်တက်လာဖွယ်ရှိနေကြောင်း ခန့်မှန်းထားသည်။

ကမ္ဘောဒီးယားနှင့် မြန်မာနိုင်ငံတို၏ ပြည်ပနိုင်ငံများသို ဆန်စပါးတင်ပိုမှုသည် တန်ချိန် ၄ ဒသမ ၃ သန်းသာရှိခဲ့သော်လည်း လာမည့် ၂၀၃၃ ခုနှစ်တွင် ဆန်စုစုပေါင်းတန်ချိန် ၁၀ ဒသမ ၅ သန်းတန်ချိန်အထိ မြင့်တက်လာဖွယ်ရှိနေကြောင်း အဆိုပါအဖွဲစည်းနှစ်ခုက သုံးသပ်ပြောဆိုထားသည်။

အိန္ဒိယနိုင်ငံသည် ပြီးခဲ့သောနှစ်တွင် ပြည်ပနိုင်ငံများသို ဆန်စပါးတင်ပိုမှု ကန့်သတ်လိုက်ပြီးနောက် မြန်မာနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို၏ ပြည်ပနိုင်ငံများသို ဆန်စပါးထုတ်လုပ်တင်ပိုမှုများ ပိုမိုမြင့်တက်လာဖွယ်ရှိနေကြောင်း (OECD) နှင့် (FAO) တို့၏ခန့်မှန်းမှုများတွင် ဖော်ပြထားသည်။

အရှေ့တောင်အာရှဒေသသည် ပြည်တွင်းဆန်စားသုံးမှုများသလို ကမ္ဘာဆန်တင်ပိုမှုအများဆုံးအရပ်ဒေသဖြစ်နေကြောင်း၊ အရှေ့တောင်အာရှဒေသသည် ကမ္ဘာတဝှမ်းဆန်တင်ပိုမှု အားလုံး၏ ၄၀ ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။

ကောင်းထက်ငွေ

khmertimeskh.com

မြန်မာနှင့် ကမ္ဘောဒီးယားနိုင်ငံတို့၏ ပြည်ပဆန်တင်ပိုမှုများ လာမည့် ၁၀ နှစ်အတွင်း ဆက်လက်မြင့်တက်နေမည် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.