မြန်မာနီုင်ငံတွင် အရေးပေါ်ကာလသက်တမ်းတိုးခဲ့ခြင်းအပေါ် အမေရိကန်အစိုး ရနှင့် ကုလသမဂ္ဂအဖွဲ့တို့ စိုးရိမ်ကြောင်းနှင့် စေ့စပ်ဆွေးနွေးရန် တိုက်တွန်း

နယူးယောက်၊ ဩဂုတ် ၁

မြန်မာနိုင်ငံတွင် နစကအဖွဲ့က အရေးပေါ်ကာလသက်တမ်းတိုးခဲ့ခြင်းအပေါ် စိုး ရိမ်မိကြောင်း သတင်းထုတ်ပြန်သည်။ ထို့အပြင် နိုင်ငံရေးမှာပါဝင်နေသူအားလုံး စေ့စပ်ဆွေးနွေးရန် တိုက်တွန်းလိုက်သည်။

နစကသည် သြဂုတ် ၃၁ ရက်နေ့က အရေးပေါ်ကာလအဖြစ် နောက်ထပ် ၆ လ သက်တမ်းတိုးလိုက်ပြီးနောက် အမေရိကန်အစိုးရက ယင်းကဲ့သို့ထုတ်ပြန်လိုက်ခြင်းဖြစ်ကြောင်း သိ ရသည်။

အမေရိကန်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ မက်သရူး မီလာက “ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့၊ ထိန်းသိမ်းခံထားရသူတွေ ပြန်လွှတ်ပေးဖို့ တောင်းဆိုပါတယ်။ ဒါ့ အပြင် လူသားချင်းဆိုင်ရာ စာနာမှုအကူညီပေးရေး အစီအစဉ်တွေကို ဟန်တားမှုမရှိဘဲ ခွင့်ပြုပေးစေလိုတယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီပြန်လည်ဖြစ်ပေါ်စေဖို့နဲ့ ငြိမ်းချမ်းမှုများ ပြန်လည်ရရှိစေဖို့ နိုင်ငံရေးမှာပါဝင်နေတဲ့သူအားလုံး စေ့စပ်ဆွေးနွေးဖို့ တိုက်တွန်းတောင်း ဆိုပါတယ်။” ဟုဆိုသည်။

ထိုအပြင် အမေရိကန်အစိုးရအနေဖြင့် နစကကို နိုင်ငံရေးနှင့် စီးပွားရေးအရ ဖိအားပေးမှုများ လုပ်ဆောင်နိုင်ရန်အတွက် နိုင်ငံတကာမိတ်ဖက်အဖွဲ့စည်းများနှင့် ပူးပေါင်းဆောင်ရွက် မှုများ ဆက်လက်လုပ်ကိုင်သွားမည်ဖြစ်ကြောင်း ၎င်းကပြောသည်။

အမေရိကန်နိုင်ငံအပြင် ကုလသမဂ္ဂအဖွဲ့ကလည်း တိုက်တွန်းတောင်းဆိုမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံကို ဖြစ်နိုင်သမျှ ဒီမိုကရေစီနည်းကျ အုပ်ချုပ်ရေးစနစ်ကို အမြန်ဆုံး ပြန်သွားစေရန် လိုလားကြောင်း ကုလသမဂ္ဂက တိုက်တွန်းတောင်းဆိုလိုက်သည်။

နစကအဖွဲ့သည် သြဂုတ် ၃၁ ရက်နေ့က အရေးပေါ်ကာလအဖြစ် နောက်ထပ် ၆ လ သက်တမ်းတိုးလိုက်ပြီးနောက် ကုလသမဂ္ဂအဖွဲ့က ယင်းကဲ့သို့ တိုက်တွန်း ပြောဆိုခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံး လက်ထောက်ပြောခွင့်ရသူ ဖာဟန်ဟတ်က “ ကျွန်တော်တို့ဟာ အာဏာသိမ်းထိန်းသိမ်းမှုကို ဆန့်ကျင်တယ်ဆိုတာ ရှင်းရှင်းလင်းလင်း ရပ်တည် ပြောဆိုထားပါတယ်။ မြန်မာနိုင်ငံကို ဖြစ်နိုင်သမျှမြန်မြန် ဒီမိုကရေစီနည်းကျ အုပ်ချုပ်ရေးပြန်သွားဖို့ လိုလားပါတယ်။” ဟုဆိုသည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်က အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက် နစကအဖွဲ့ သည် အရေးပေါ်အခြေနေ လေးကြိမ်မြောက် သက်တမ်းတိုးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကောင်းထက်ငွေ

state.gov

#ယနေ့ခေတ်

#အရေးပေါ်အခြေအနေ

မြန်မာနီုင်ငံတွင် အရေးပေါ်ကာလသက်တမ်းတိုးခဲ့ခြင်းအပေါ် အမေရိကန်အစိုး ရနှင့် ကုလသမဂ္ဂအဖွဲ့တို့ စိုးရိမ်ကြောင်းနှင့် စေ့စပ်ဆွေးနွေးရန် တိုက်တွန်း အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.