မြန်မာနိုင်ငံ ရှေ့လျှောက်ရမည့်လမ်းတွင် စိန်ခေါ်မှုများရှိနေဆဲဖြစ်ပြီး လူသားချင်း ဆိုင်ရာ စာနာမှုအကူညီများ ဆက်လက်ပံ့ပိုးကူညီမည်ဟု အမေရိကန် ဆို

ဝါရှင်တန်၊ အောက်တိုဘာ ၇

မြန်မာနိုင်ငံ ရှေ့ဆက်လျှောက်မည့်လမ်းတွင် စိန်ခေါ်မှုများရှိနေဆဲဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခအတွင်း အကူအညီလိုအပ်နေသူများကို လူ သားချင်းဆိုင်ရာ စာနာမှုအကူညီများ ကူညီထောက်ပံ့ပေးမည့်ကတိကို ဆက်လက်ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း အမေရိကန်အစိုးရ၏ လူသားချင်းဆိုင်ရာ စာနာမှုအကူအညီ ပေးရေးအဖွဲ့၏ တာဝန်ရှိသူ Michael Schiffer က ထုတ်ဖော်ပြောဆိုလိုက်သည်။

အမေရိကန်အစိုးရအနေဖြင့် မြန်မာနိုင်ငံကို ဖက်ဒရယ်နှင့် ဒီမိုကရေစီလမ်းကြောင်းအပေါ် ရောက်ရှိစေရန်၊ ငြိမ်းချမ်းရေး၊ အားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးမှုများ ဖြစ်လာစေရန် ကူညီထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း၊ စောစီးစွာသတိပေးမှုအပါအဝင် အရပ်သားများကို ကာကွယ်ပေးခြင်း၊ လူသားချင်းဆိုင်ရာ စာနာမှုအကူညီပေးခြင်းများကို အဓိကဦးစား ပေး လုပ်ကိုင်သွားမည်ဖြစ်ကြောင်း ၎င်းကပြောသည်။

၎င်းက “ ကျွန်တော်တို့ဟာ မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ ပဋိပက္ခအတွင်းမှာ လိုအပ်နေတဲ့သူတွေကို ကူညီထောက်ပံ့ပေးမှုတွေ ဆက်လက်လုပ်ဆောင်မှာပါ။ လက်ရှိအချိန်အထိ မြန် မာနိုင်ငံမှာ နေရပ်စွန့်ခွာရသူဦးရေ ၁ ဒသမ ၉ သန်းရှိနေပါတယ်။” ဟု ပြောသည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်က အာဏာအငြင်းပွားမှုများ ဖြစ်ပွားခဲ့ပြီးနောက် လက်နက်ကိုင်ပဋိပက္ခများ စတင်ဖြစ်ပွားခဲ့ရာ ပြည်သူများ အခက်အခဲများကို ရင်ဆိုင်ခဲ့ရကြောင်း သိရ သည်။

အမေရိကန်အစိုးရအနေဖြင့် ဘင်္ဂလားဒေရှ့်နိုင်ငံရှိ ရိုဟင်ဂျာများနှင့် မြန်မာနိုင်ငံရှိ နေရပ်စွန့်ခွာသူများအတွက် လူသားချင်းဆိုင်ရာ စာနာမှုအကူညီပေးရန် ကူညီထောက်ပံ့ပေးမှု အ များဆုံးနိုင်ငံများထဲတွင် ပါဝင်လျက်ရှိနေပြီး ၂၀၁၇ ခုနှစ် နောက်ပိုင်းတည်းက လက်ရှိအချိန်အထိ အမေရိကန်ဒေါ်လာ ၂ ဒသမ ၁ ဘီလျံ ကူညီထောက်ပံ့ပေးထားကြောင်း USAID ၏ တာဝန်ရှိသူဖြစ်သည့် Michael Schiffer က ပြောသည်။

၎င်းက “ ကျွန်တော်တို့ဟာ ပဋိပက္ခတွေရဲ့ သက်ရောက်မှုကြောင့် နေရပ်စွန့်ခွာနေရသူတွေအပြင် အခြားထိခိုက်လွယ်သူတွေကိုလည်း နိုင်ငံတကာ မိတ်ဖက်အဖွဲ့စည်းများနဲ့ ပူးပေါင်း ပြီး လူသားချင်းဆိုင်ရာ စာနာမှုအကူညီပေးတွေ လွှဲ ပြောင်းပေးနေတယ်။” ဟု ပြောသည်။

ကောင်းထက်ငွေ

voa.gov

#ယနေ့ခေတ်

မြန်မာနိုင်ငံ ရှေ့လျှောက်ရမည့်လမ်းတွင် စိန်ခေါ်မှုများရှိနေဆဲဖြစ်ပြီး လူသားချင်း ဆိုင်ရာ စာနာမှုအကူညီများ ဆက်လက်ပံ့ပိုးကူညီမည်ဟု အမေရိကန် ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.