ရန်ကုန်၊ ဧပြီ ၁၁
မြန်မာနိုင်ငံ ငလျင်တုံ့ပြန်ရေးအတွက် နိုင်ငံ ၁၃ နိုင်ငံက မြို့ပြရှာဖွေကယ်ဆယ်ရေးအဖွဲ့ ၃၀ ကျော် လာရောက်ကူညီခဲ့ကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး(UNOCHA)က ထုတ်ပြန်ထားသည်။
အဆိုပါနိုင်ငံများက ပြန်လည်ထွက်ခွာသွားကြသော်လည်း ၎င်းတို့၏ကျွမ်းကျင်မှုများသည် ရှင်သန်နေသေးသူများ၏ နေရာရှာဖွေကယ်ထုတ်ရေးနှင့် ဘေးဒဏ်သင့်သူများ၏ ဒုက္ခအရောက်ဆုံး နာရီပိုင်းအတွင်း ကယ်ဆယ်ကူညီရေးများ အရေးပါခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
“ နိုင်ငံတကာက ကူညီကယ်ဆယ်ရေးတွေလာရောက်တဲ့အခါမှာ သင်ယူစရာတွေအများကြီးရခဲ့တယ်။ အထူးသဖြင့် ကူညီကယ်ဆယ်ရေးလုပ်ကိုင်နေသူတွေကို Trading များများပေးဖို့လိုတယ်။ ပြီးတော့ ကယ်ဆယ်ရေးလုပ်တဲ့အခါမှာ အသုံးပြုတဲ့စက်ကိရိယာတွေကအစ လိုအပ်ချက်ရှိနေတာတွေ့ရတယ်။ ကိုယ်တွေဆီမှာ လိုအပ်ချက်တွေအများကြီးရှိတာကိုတွေ့ရတယ်” ဟု ကူညီကယ်ဆယ်ရေးလုပ်ကိုင်းနေသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
ထို့အပြင် နိုင်ငံတကာမှ လူမှုဂရုဏာလုပ်သားများသည် မြန်မာနိုင်ငံက ငလျင်ဘေးသင့်ပြီး ဒုက္ခရောက်ခဲ့ကြရသည့် လူဦးရေ ၁၆၅,၀၀၀ အတွက် အမိုးအကာ၊ ရေ၊ တစ်ကိုယ်ရည်သန့်ရှင်းရေးပစ္စည်းစုံ၊ စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် ရွေ့ လျားကျန်မာရေးဝန်ဆောင်မှုများကို ကူညီပေးအပ်ခဲ့ကြောင်းလည်း သိရသည်။
ထို့အပြင် မတ်လ ၂၉ ရက်မှ ဧပြီလ ၈ ရက်နေ့အထိ ငလျင်ဘေးဒဏ်ခံစားခဲ့ရသည့် မြန်မာပြည်သူများအတွက် စုစုပေါင်းလေယာဉ် ၉၇ စင်း ဆင်းသက်ခဲ့ပြီး ကယ်ဆယ်ရေးပစ္စည်း စုစုပေါင်း ၁၆၀၆ ဒသမ ၂၈၂ တန် ရောက်ရှိပြီးဖြစ်ကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ – #စုစု
#ယနေ့ခေတ်
မြန်မာနိုင်ငံ ငလျင်တုံ့ပြန်ရေးအတွက် နိုင်ငံ ၁၃ နိုင်ငံက လာရောက်ကူညီ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်