မြန်မာနိုင်ငံ၏ ဖက်ဒရယ်ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ကူညီထောက်ပံ့ သွားမည်ဟု အိန္ဒိယအစိုးရ ကတိပြု

နယူးဒေလီ၊ ဒီဇင်ဘာ ၇

အိန္ဒိယအစိုးရအနေဖြင့် မြန်မာနိုင်ငံ၏ ဖက်ဒရယ်ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ကူညီထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း အိန္ဒိယအစိုးရက ထုတ်ဖော်ပြောဆိုလိုက်သည်။

အိန္ဒိယ ပြည်ပရေးရာဝန်ကြီးဌာန နိုင်ငံခြားရေး အမြဲတမ်းအတွင်းဝန် Vinay Kwatra သည် နယူးဒေလီမြို့တွင် မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦးနှင့် တွေ့ဆုံ ဆွေးနွေးချိန်အတွင်း ထုတ်ဖော်ပြောဆိုခဲ့ကြောင်း အိန္ဒိယ ပြည်ပရေးရာဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

အိန္ဒိယနိုင်ငံသည် နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်နှင့် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များအရ လုပ်ဆောင်မည့် စီမံကိန်းအပါအဝင် ပြည်သူများတိုးတက် မည့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများကို ကူညီထောက်ပံ့ပေးမှုများ ဆက်လက်လုပ်ကိုင်သွားမည်ဖြစ်ကြောင်း အိန္ဒိယ ပြည်ပရေးရာဝန်ကြီးဌာနက ပြောသည်။

အိန္ဒိယ ပြည်ပရေးရာဝန်ကြီးဌာန နိုင်ငံခြားရေးရာ အမြဲတမ်းအတွင်းဝန်နှင့် မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦးတို့သည် ဒီဇင်ဘာ ၆ ရက်နေ့က ကျင်းပခဲ့သော Foreign Office Consultations (FOC) အစည်းအဝေးအတွင်း အိန္ဒိယ-မြန်မာနယ်စပ်ဒေသနှင့် နယ်စပ်လုံခြုံရေးတစ်လျှောက် အခြေအနေများအပြင် အခြားကိစ္စများကို ကျယ်ပြန့် စွာဆွေးနွေးခဲ့ကြောင်း သိရသည်။

အိန္ဒိယ ပြည်ပရေးရာဝန်ကြီးဌာနက “ အိန္ဒိယအစိုးရဟာ ဖက်ဒရယ်ဒီမိုကရေစီ အသွင်ကူးပြောင်းနိုင်ဖို့အတွက် မြန်မာနိုင်ငံကို ကူညီထောက်ပံ့ပေးသွားပါမယ်။ မြန်မာပြည်သူတွေ အကျိုးစီးပွားများအတွက် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်နဲ့ နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်များအရ နှစ်နိုင်ငံကြား ဆက်သွယ်နေတဲ့ စီမံကိန်းတွေအပါအဝင် လူမူစီးပွားဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတွေကိုလည်း ကူညီထောက်ပံ့ပေးမှု ဆက်လက်လုပ်ဆောင်သွားမယ်။” ဟု သတင်းထုတ်ပြန်ထားသည်။

အိန္ဒိယ ပြည်ပရေးရာဝန်ကြီးဌာနသည် ဖက်ဒရယ်ဒီမိုကရေစီ အသွင်ကူးပြောင်း ရေးအတွက် ကူညီထောက်ပံ့ပေးမည်ဟု ပြောဆိုခဲ့သော်လည်း အသေးစိတ်အ ခြေနေများကို ဖော်ပြ ခြင်းမရှိခဲ့ကြောင်း အိန္ဒိယအခြေစိုက် သတင်းဌာနများက ဖော်ပြထားသည်။

အိန္ဒိယ ပြည်ပရေးရာဝန်ကြီးနှင့် မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦးတို့သည် အွန်လိုင်းမှတဆင့် လိမ်လည်မှုကျူးလွန်နေသည့် ရာဇဝတ်မှုများအခြေနေ၊ မြန် မာနိုင်ငံတွင်လုပ်ကိုင်နေသည့် စီမံကိန်းများအခြေနေနှင့် ကုန်သွယ်ရေး၊ ကူးသန်းရောင်းဝယ်ရေးကိစ္စများနှင့် အိန္ဒိယ-မြန်မာ နယ်စပ်လုံခြုံရေးအခြေနေများကိုလည်း ဆွေးနွေးခဲ့ ကြောင်း သိရသည်။

#ကောင်းထက်ငွေ

hindustantimes.com

#ယနေ့ခေတ်

မြန်မာနိုင်ငံ၏ ဖက်ဒရယ်ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ကူညီထောက်ပံ့ သွားမည်ဟု အိန္ဒိယအစိုးရ ကတိပြု အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.