မြန်မာနိုင်ငံ၏ နိုင်ငံရေးကိစ္စများနှင့်ဆက်နွယ်ပြီး ထိုင်းနိုင်ငံ၏နယ်စပ်ကုန်သွယ်ရေး ကျဆင်းဖွယ်ရှိနေ ဟုဆို

ဘန်ကောက်၊ ဖေဖော်ဝါရီ ၂၈

မြန်မာနိုင်ငံတွင် နိုင်ငံရေးနှင့် စီးပွားရေးပြဿနာများ ဖြစ်ပွားနေခြင်းကြောင့် ယခုနှစ်အတွင်း ထိုင်းနိုင်ငံ၏ကုန်သွယ်ရေးမှာ ကျဆင်းဖွယ်ရှိနေကြောင်း ထိုင်းစက်မှုလုပ်ငန်းအဖွဲ့ချုပ် (FTI) ၏ ဒုတိယဥက္ကဌဖြစ်သူ မွန်ထရီမဟာပလပ်ပွန်က ပြောသည်။

မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားနှင့် မလေးရှားနိုင်ငံတို့သည် ထိုင်းနိုင်ငံနှင့် နယ်စပ်ချင်းထိစပ်နေသောနိုင်ငံများဖြစ်ပြီး အဆိုပါနိုင်ငံများနှင့်ပြုလုပ်သော ကုန်သွယ်ရေးက စိန်ခေါ်မှုများရှိလာနေကြောင်း ၎င်းကပြောသည်။

မြန်မာနိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခအရေး ကိုင်တွယ်ဖြေရှင်းမှုများတွင် ထိုင်းနိုင်ငံက ပါဝင်ဆောင်ရွက်နေရသလို အခြားအိမ်နီးချင်းနိုင်ငံများတွင် ဖြစ်ပွားနေသော ငွေကြေးဖောင်းပွမှုနှင့် အိမ်ထောင်စုကြွေးမြီဆိုင်ရာ ပြဿနာများအပါအဝင် စီးပွားရေးဆိုင်ရာပြဿနာများကို ညှိနှိုင်းဆောင်ရွက်နေရကြောင်း FTI ၏ဒုဥက္ကဋ္ဌက ပြောသည်။

ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံ၏ နယ်စပ်ကုန်သွယ်ရေးက ၁၁ ဒသမ ၁ ရာခိုင်နှုန်း လျော့နည်းကျဆင်းခဲ့ပြီး၊ မလေးရှားနိုင်ငံနှင့် ၁၁.၇ ရာခိုင်နှုန်း၊ ကမ္ဘောဒီးယားနိုင်ငံနှင့် ၁၉.၂ ရာခိုင်နှုန်းအထိ နယ်စပ်ကုန်သွယ်ရေးကျဆင်းခဲ့ရကြောင်း သိရသည်။

အိမ်နီးချင်းနိုင်ငံများသည် အရည်အသွေးညံ့ပြီး၊ ဈေးပေါသော တရုတ်နိုင်ငံ၏ထုတ်ကုန်များ ဝင်ရောက်လာမှုကို ရင်ဆိုင်နေရပြီး၊ အဆိုပါထုတ်ကုန်များကြောင့် ပြည်တွင်းကုန်ထုတ်သူများကိုလည်း ထိခိုက်စေသောပြဿနာကို ရင်ဆိုင်နေရကြောင်း၊ ထိုင်းနိုင်ငံတွင်လည်း အလားတူပြဿနာကို ဖြေရှင်းနိုင်ရန် ရုန်းကန်နေရကြောင်း FTI ၏ဒုဥက္ကဋ္ဌက ပြောသည်။

၎င်းက မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားတို့၏ ငွေကြေးတန်ဖိုးသည် ထိုင်းနိုင်ငံသုံးဘတ်ငွေတန်ဖိုးလောက် ခိုင်မာအားကောင်းမှုမရှိသည့်အတွက် ထိုင်းနိုင်ငံ၏ ပို့ကုန်လုပ်ငန်းရှင်များကို အိမ်နီးချင်းနိုင်ငံများနှင့် ကုန်သွယ်မှုလုပ်ရာတွင် ထိုင်းဘတ်ငွေကိုသာအသုံးပြုရန် ညွှန်ကြားထားပြီးဖြစ်ကြောင်း ၎င်းကပြောသည်။

ကောင်းထက်ငွေ

bangkokpost.com

မြန်မာနိုင်ငံ၏ နိုင်ငံရေးကိစ္စများနှင့်ဆက်နွယ်ပြီး ထိုင်းနိုင်ငံ၏နယ်စပ်ကုန်သွယ်ရေး ကျဆင်းဖွယ်ရှိနေ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.