ဘန်ကောက်၊ ဖေဖော်ဝါရီ ၁၇
ထိုင်းနိုင်ငံအခြေစိုက် Thonburi Healthcare Group Plc (THG) က မြန်မာနိုင်ငံတွင် လုပ်ငန်းများတိုးချဲ့သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်လိုက်သည်။
မြန်မာနိုင်ငံတွင် ဆေးဝါးကုသမှုနှင့်ပတ်သက်ပြီး လိုအပ်ချက်များမြင့်တက်နေခြင်းကြောင့် ကျန်းမာရေးစောင့်ရှာက်မှုဆိုင်ရာ ဆေးရုံလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်ရန် စီစဉ်လာခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် အာဏာအငြင်းပွားမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အဆိုပါထိုင်းကုမ္မဏီသည် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံ့မှုအသစ်များလုပ်ကိုင်ရန် ရွှေ့ဆိုင်းခဲ့သော်လည်း လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့၌ ကုတင် ၉၇ လုံးဆန့်ဆေးရုံကို စီမံခန့်ခွဲလုပ်ကိုင်နေပြီး၊ ကုတင်အရေအတွက်နှင့် ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများကို ပိုမိုတိုးချဲ့ရန် စိတ်ဝင်စားနေကြောင်း(THG) ၏ အမှုဆောင်အရာရှိချုပ် Tanatip Suppradit က ပြောသည်။
၎င်းက “ မြန်မာနိုင်ငံမှာ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ပတ်သက်ပြီး တောင်းဆိုမှုတွေ မြင့်တက်လာနေတယ်။ ထိုင်းဘတ်ငွေနဲ့ယှဉ်ရင် ကျပ်ငွေတန်ဖိုးကျဆင်းလာခြင်းကြောင့် ထိုင်းနိုင်ငံမှာ လာရောက်ဆေးဝါးကုသဖို့ ရှောင်ရှားလာတာတွေရှိနေတယ်။ မြန်မာနိုင်ငံမှာ ကျန်းမာရေးဝန်ထမ်းလိုအပ်ချက်တွေ ရှိနေပေမယ့် အနာဂတ်မှာ မြန်မာနိုင်ငံရဲ့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း ပိုမိုကောင်းမွန်လာဖွယ်ရှိနေပါတယ်။” ဟု ပြောသည်။
အဆိုပါထိုင်းကုမ္မဏီသည် မြန်မာနိုင်ငံတွင် ကျန်းမာရေးပတ်သက်သော လုပ်ငန်းများတိုးချဲ့ခြင်းအပြင်၊ ဗီယက်နမ်နိုင်ငံတွင်လည်း အရိုးကုသခြင်းနှင့်ပတ်သတ်သော ဆေးရုံတည် ဆောက်ရန် စီစဉ်နေကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံ့မှုအသစ်များ ထပ်မံလုပ်ဆောင်ရန်အတွက် ဖြစ်နိုင်ချေရှိသောလေ့လာဆန်းစစ်မှုများ လုပ်ဆောင်နေပြီး မျှော်မှန်းထားသည့် ရလဒ်များရရှိရန် လုပ် ဆောင်နေကြောင်း သိရသည်။
ကောင်းထက်ငွေ
thethaiger.com/news
မြန်မာနိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် လုပ်ငန်းများတိုးချဲ့မည်ဟု ထိုင်းကုမ္မဏီ ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်