မြန်မာနိုင်ငံ၌ ပေါက်ကွဲစေသာလက်နက်များကြောင့် သေဆုံးသူအရေအတွက် ပိုမိုမြင့်တက်လာနေကြောင်း AOAV ဆို

အင်္ဂလန်၊ ဖေဖော်ဝါရီ ၁၃

မြန်မာနိုင်ငံတွင် အာဏာအငြင်းပွားမှုများဖြစ်လာခဲ့ပြီးနောက်ပိုင်း ပေါက်ကွဲစေသောလက်နက်များ အသုံးပြုတိုက်ခိုက်မှု ပိုမိုမြင့်တက်လာခဲ့ကြောင်း Action on Armed Violence (AOAV) အဖွဲ့က သတင်းထုတ်ပြန်ထားသည်။

AOAV အဖွဲ့က ပြီးခဲ့သော ၂၀၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် တပ်မတော်အပါအဝင် လက်နက်ကိုင်အဖွဲ့စည်းများကြား ပေါက်ကွဲစေသောလက်နက်များ အသုံးပြုတိုက်ခိုက်မှုကြောင့် လူပေါင်း ၇၄၅ ဦးသေဆုံးမှုအပါအဝင် အရပ်သားများထိခိုက်သေဆုံးမှု ၂၁၆၄ ဦးရှိခဲ့ကြောင်း ဖော်ပြထားသည်။

အဆိုပါထိခိုက်မှုနှင့် သေဆုံးရသူအရေအတွက်သည် ၂၀၂၂ ခုနှစ်နှင့်နှိုင်းယှဉ်လျှင် များစွာမြင့်တက်လာခဲ့ကြောင်း (AOAV) အဖွဲ့က ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် ၂၀၁၀ ခုနှစ်နောက်ပိုင်းတည်းက ပေါက်ကွဲစေသောလက်နက်များ အသုံးပြုတိုက်ခိုက်မှု အဖြစ်ပျက်ပေါင်း ၁၈၂၅ မှုဖြစ်ပွားခဲ့ပြီး၊ ယင်းကာလအတွင်း လူပေါင်း ၁၄၅၀ ဦးသေဆုံးကာ ၄၃၄၃ ဦးဒဏ်ရာရခဲ့ကြောင်း AOAV အဖွဲ့၏ မှတ်တမ်းများတွင် ဖော်ပြထားသည်။

၂၀၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် တိုက်ပွဲဖြစ်ပွားမှုအရှိန် မြင့်တက်လာခဲ့ရာ ပြီးခဲ့သောနှစ်တစ်နှစ်တည်းတွင် ပေါက်ကွဲစေသောလက်နက်များကြောင့် သေဆုံးသူအရေအတွက် ၅၁ ရာခိုင်နှုန်း၊ ဒဏ်ရာရသူအရေအတွက် ၅၀ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း သိရသည်။

(AOAV) အဖွဲ့၏ အမှုဆောင်အရာရှိချုပ် Dr Iain Overton က “ မြန်မာနိုင်ငံမှာ လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားမှုဟာ သုံးနှစ်ထဲကိုရောက်ရှိလာပြီ၊ ပေါက်ကွဲစေတဲ့လက်နက်တွေ အ သုံးပြုမှုတွေလည်း မြင့်တက်လာနေတယ်။ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အုပ်စုနဲ့ People’s Defense Forces အဖွဲ့တွေကြား လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားမှု မြင့်တက်လာနေတယ်။ မတည်ငြိမ်ှုတွေလည်း ပိုမိုဖြစ်လာနေတယ်။” ဟု ပြောသည်။

ကောင်းထက်ငွေ

reliefweb.int/report/myanmar

မြန်မာနိုင်ငံ၌ ပေါက်ကွဲစေသာလက်နက်များကြောင့် သေဆုံးသူအရေအတွက် ပိုမိုမြင့်တက်လာနေကြောင်း AOAV ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.