မြန်မာနိုင်ငံအလယ်ပိုင်းတွင် လာမည့်ရက်ပိုင်းအတွင်း မိုးရွာသွန်းမည်

ရန်ကုန်၊ ​မေ ၁၈

မြန်မာနိုင်ငံအလယ်ပိုင်း၊ အညာဒေသတွင် လာမည့်ရက်ပိုင်းအတွင်း မိုးရွာသွန်းမည်ဖြစ်​ကြောင်း ပြည်တွင်းမိုးလေဝသနှင့် ဇလ​ဗေဒ လေ့လာစောင့်ကြည့်သူတစ်ဦးက ​ပြောသည်။

“မြန်မာပြည်အလယ်ပိုင်း၊ အညာမြေဆီကို မိုးတွေရွာလာပါလိမ့်မယ်။ မေ ၂၂ ရက်နဲ့ ၂၅ ရက်နေ့အတွင်းမှာပါ။” ဟု ပြည်တွင်းမိုးလေဝသနှင့် ဇလ​ဗေဒ လေ့လာစောင့်ကြည့်သူတစ်ဦးက ယ​နေ့​ခေတ်သို့ ​ပြောသည်။

အဆိုပါရက်ပိုင်းအတွင်း မိုးရွာသွန်းမည့်ဒေသများမှာ မကွေးတိုင်း​ဒေသကြီး၊ မန္တလေးတိုင်း​ဒေသကြီး၊ ရှမ်းပြည်နယ်တစ်ခုလုံးနှင့် စစ်ကိုင်းတိုင်း​ဒေသကြီး(အောက်ပိုင်း)၊ ချင်းပြည် နယ်တို့ဖြစ်​ကြောင်း သိရသည်။

ထို့​ပြင် ​နေ့အပူရှိန်လျော့ကျသွားဖြစ်ပြီး နှမ်း၊ မြေပဲ၊ ပဲစဥ်းငုံစိုက်ပျိုးရေး ရရှိလာစေတော့မည်ဖြစ်​ကြောင်း ​မေ ၁၈ ရက်၊ ​နေ့စွဲဖြင့် ပြည်တွင်းမိုးလေဝသနှင့် ဇလ​ဗေဒ လေ့လာစောင့်ကြည့်သူတစ်ဦးက ထုတ်ပြန်အသိ​ပေးခဲ့​ကြောင်း သိရသည်။

လာမည့်ရက်ပိုင်းအတွင်း မုတ္တမပင်လယ်ကွေ့ဒေသများ၊ တနင်္သာရီကမ်းရိုတန်းဒေသတို့တွင် မိုးများစွာရွာသွန်းနိုင်​ကြောင်း အထက်​ဖော်ပြပါ ထုတ်ပြန်ချက်အရ သိသည်။

အလားတူ မေ ၂၄ ရက်နှင့် ​မေ ၂၅ ရက်တို့တွင် ရန်ကုန်တိုင်း​ဒေသကြီး၊ ဧရာဝတီတိုင်း​ဒေသကြီး၊ ရခိုင်ပြည်နယ်(တောင်ပိုင်း)၊ ပဲခူးတိုင်းအနောက်ပိုင်း(တောင်ပိုင်း) ဒေသတို့တွင် မိုးကြီးခြင်း၊ ရုတ်တရက်လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်​ကြောင်း ပြည်တွင်းမိုးလေဝသနှင့် ဇလ​ဗေဒ လေ့လာစောင့်ကြည့်သူတစ်ဦးက ​​ပြောသည်။

မြင့်မြတ်​အောင်မြင်

ဓာတ်ပုံ – ပြည်တွင်းမိုးလေဝသနှင့် ဇလ​ဗေဒ လေ့လာစောင့်ကြည့်သူ

မြန်မာနိုင်ငံအလယ်ပိုင်းတွင် လာမည့်ရက်ပိုင်းအတွင်း မိုးရွာသွန်းမည် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.