ဘန်ကောက်၊ မေ ၉
မြန်မာတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များသည် မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသည့် တိုက်ပွဲများအဆုံးသတ်ရန်အတွက် ကြားဝင်ဆောင်ရွက်ပေးရန် ကြိုးပမ်းနေသည့် သက်ဆင်၏ အဆိုပြုကမ်းလှမ်းမှုများကို ငြင်းဆန်ပယ်ချခဲ့ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထားသည်။
သက်ဆင်သည် မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများအဆုံးသတ်ရန်အတွက် ဧပြီလအတွင်းတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ NUG ၏ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ပြီးခဲ့သောရက်ပိုင်းတွင် သတင်းများထွက်ပေါ်ခဲ့သည်။
သက်ဆင်သည် တွေ့ဆုံဆွေးနွေးမှုကို နှစ်ကြိမ်လုပ်ဆောင်ခဲ့ပြီး ဧပြီ ၁၃ ရက်နေ့တွင် ကရင်လက်နက်ကိုင်အဖွဲ့ (KNLA)အဖွဲ့၊ ကရင်နီလက်နက်ကိုင်အဖွဲ့ (KNPP), အဖွဲ့၊ ကချင်လက် နက်ကိုင်အဖွဲ့ (KNO).အဖွဲ့တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ထိုအပြင် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်သည် ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS/SSA) ခေါင်းဆောင် ရွက်ဆစ်အပြင် အခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့်လည်း တွေ့ ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
သက်ဆင်သည် အဆိုပါတွေ့ဆုံဆွေးနွေးချိန်အတွင်း မြန်မာအစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကြား ဖြစ်ပွားနေသည့်တိုက်ပွဲများ အဆုံးသတ်ရန်အတွက် ကြားဝင်စေ့စပ်ပေးရန် ကမ်းလှမ်းခဲ့ကြောင်း သိရသည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အရင်းမြစ်များက သက်ဆင်သည် မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသည့် တိုက်ပွဲများအဆုံးသတ်ရန် တွေ့ဆုံဆွေးနွေးမှုများအတွက် ကြားဝင်ပေးရန် ကမ်းလှမ်းခဲ့သည်ဟု ပြောသည်။
သို့သော်လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည် သက်ဆင်၏ကြားဝင်ဆောင်ရွက်မည့်အစီစဉ်ကို သံသယရှိခဲ့ပြီး ကမ်းလှမ်းမှုကို ငြင်းဆန်ပယ်ချခဲ့ကြောင်း သိရသည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့နှင့် နီးစပ်သောအရင်းမြစ်က “ သက်ဆင်ဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ မြန်မာအစိုးရကြား ငြိမ်းချမ်းရေးရယူနိုင်ဖို့ ကြားဝင်စေ့ စပ်ပေးသူအဖြစ် ခွင့်ပြုတယ်ဆိုတဲ့ စာရွက်စာတမ်းတွေကို ယူဆောင်လာခဲ့တယ်။ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ချင်းစီကို အဲဒီစာရွက်စာတမ်းတွေထဲမှာ လက်မှတ်ရေးထိုးဖို့ လိုလားခဲ့တယ်။ ဒါပေမယ့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာ သက်ဆင်ယူလာတဲ့ စာရွက်စာတမ်းတွေမှာ လက်မှတ်ရေးထိုးတာမျိုးမရှိခဲ့ဘူး၊” ဟု ပြောသည်။
မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသည့် တိုက်ပွဲများနှင့်ပတ်သက်ပြီး သက်ဆင်ကြားဝင်စေ့စပ်ပေးသူအဖြစ် ဆောင်ရွက်မည့်အစီအစဉ်ကို တိုင်းရင်းသားလက်နက်ကိုင်အုပ်စုများက ငြင်း ဆန်ခဲ့ကြောင်း သိရသည်။
ကောင်းထက်ငွေ
nationthailand.com/news
မြန်မာနိုင်ငံအရေး ထိုင်းဝန်ကြီးချုပ်ဟောင်း၏ ကြားဝင်စေ့စပ်မည့် အစီအစဉ်ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ငြင်းဆန် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်