မီဇိုရမ်၊ မေ ၂၄
မြန်မာနိုင်ငံတွင် တိုက်ပွဲများဖြစ်ပွားနေဆဲဖြစ်သည့်အတွက် မြန်မာနိုင်ငံသား ၁၀၀၀ ကျော်သည် ပြီးခဲ့သောရက်ပိုင်းက အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အတွင်းသို နေရပ်စွန့်ခွာတိမ်းရှောင်လာခဲ့ကြောင်း မီဇိုရမ်ပြည်နယ်၊ ပြည်ထဲရေးဌာနက သတင်းထုတ်ပြန်လိုက်သည်။
လက်ရှိအချိန်တွင် မီဇိုရမ်ပြည်နယ်အတွင်း နေရပ်စွန့်ခွာလာသော မြန်မာနိုင်ငံသားအရေအတွက် ၃၆,၅၀၀ ကျော်ရှိနေကြောင်း မီဇိုရမ်ပြည်နယ်၊ ပြည်ထဲရေးဌာနက ပြောသည်။
အိန္ဒိယနှင့် မြန်မာနယ်စပ်ဒေသဖြစ်သော ချင်းပြည်နယ်တွင် ပြီးခဲ့သောရက်ပိုင်းက တိုက်ပွဲများဖြစ်လာခဲ့ပြီးနောက်ပိုင်း အနည်းဆုံး မြန်မာနိုင်ငံသား ၁၀၀၀ ကျော်သည် မီဇိုရမ်ပြည် နယ်အတွင်းရှိ Vaikhawtlang ကျေးရွာ၊ Khuangphah ကျေးရွားနှင့် Zokhawthar ရွာများဘက်သို နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာခဲ့ကြောင်း မီဇိုရမ်ပြည်နယ်အစိုးရအဖွဲက ပြောသည်။
မြန်မာနိုင်ငံတွင် တိုက်ပွဲများဖြစ်လာခဲ့ပြီးနောက်ပိုင်း ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးတွင် နေထိုင်သူများသည် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ မဏိပူရပြည်နယ်အတွင်းသို နေရပ်စွန့်ခွာ တိမ်းရှောင်ခဲ့ကြောင်း သိရသည်။
သိုသော်လည်း မဏိပူရပြည်နယ်အစိုးရသည် ၎င်းတိုပြည်နယ်အတွင်း တရားမဝင်ရောက်လာသော မြန်မာနိုင်ငံသားများကို ပြီးခဲ့သောမတ်လအတွင်း မိခင်နိုင်ငံဘက်ခြမ်းသို ပြန်ပိုခဲ့ပြီး ကျန်ရှိနေသူများကိုလည်း ပြန်ပိုရန်အစီအစဉ်များရှိနေကြောင်း သိရသည်။
ပြီးခဲ့သောရက်ပိုင်းက နယ်စပ်ဒေသတွင် ချင်းလက်နက်ကိုင်အဖွဲများဖြစ်သော Zomi Revolutionary Army – Eastern Command (ZRA-EC),အဖွဲ ၊ (CNA)အဖွဲတိုနှင့် မြန်မာတပ်မတော်ကြား တိုက်ပွဲများ ဖြစ်ပွားလာခဲ့ကြောင်း သိရသည်။
မီဇိုရမ်ပြည်နယ်အစိုးရ တာဝန်ရှိသူများက မေလ ၅ ရက်နောက်ပိုင်းတည်းက မီဇိုရမ်ပြည်နယ်အတွင်းသို့ နေရပ်စွန့်ခွာတိမ်းရှောင်လာသော မြန်မာနိုင်ငံသား ၂၀၀၀ ကျော်ရှိနေပြီဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။
မီဇိုရမ်ပြည်နယ်အတွင်း ရောက်ရှိနေသော မြန်မာနိုင်ငံသားများသည် မီဇိုရမ်ပြည်နယ်အတွင်းရှိ ယာယီတည်းခိုးရေးစခန်းများအပြင် မိတ်ဆွေ၊ ဆွေမျိုးများအိမ်တွင်လည်း နေထိုင်နေကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် နိုင်ငံရေးပြဿနာများဖြစ်လာခဲ့ပြီးနောက်ပိုင်း အိန္ဒိယနှင့်နယ်စပ်ချင်းထိစပ်နေသော မြန်မာနိုင်ငံမှဒေသခံများသည် အိန္ဒိယပိုင်နက်များအတွင်း နေရပ်စွန့်ခွာထွက် ပြေးမှုများ ပိုမိုမြင့်တက်လာခဲ့ကြောင်း သိရသည်။
ကောင်းထက်ငွေ
hindustantimes.com
မြန်မာနိုင်ငံသား ၁၀၀၀ကျော် မီဇိုရမ်ပြည်နယ်အတွင်းသို ထပ်မံတိမ်းရှောင် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်