မြန်မာနိုင်ငံသည် ပေါက်ကွဲစေသောလက်နက်များကြောင့် အရပ်သားများ ထိခိုက်သေဆုံးမှု အများဆုံးနိုင်ငံများထဲတွင် ပါဝင်နေ

ရန်ကုန်၊ ဇန်နဝါရီ ၁၁

မြန်မာနိုင်ငံသည် ၂၀၂၃ ခုနှစ်အတွင်း ပေါက်ကွဲစေသော လက်နက်များ explosive weapon ကြောင့် အရပ်သားများသေဆုံး၊ ထိခိုက်မှုအများဆုံးနိုင်ငံများထဲတွင် ပါဝင်နေကြောင်း ဗြိတိန်နိုင်ငံအခြေ စိုက် AOAV အဖွဲ့က သတင်းထုတ်ပြန်လိုက်သည်။

လန်ဒန်မြို့အခြေစိုက် AOAV အဖွဲ့က ကမ္ဘာနိုင်ငံများထဲတွင် ၂၀၂၃ ခုနှစ်အတွင်း ပေါက်ကွဲစေသော လက်နက်များကြောင့် ထိခိုက်သေဆုံးသူအရေအတွက် ၁၂၂ ရာခိုင်နှုန်း မြင့်တက် လာခဲ့ကြောင်း ဖော်ပြထားသည်။

ထိုအပြင် ၂၀၂ ၃ခုနှစ်သည် မြန်မာနိုင်ငံအတွက် ပေါက်ကွဲစေသော လက်နက်များကြောင့် အရပ်သားများ ထိခိုက်သေဆုံးမှုအများဆုံး နှစ်တစ်နှစ်ဖြစ်ခဲ့ရကြောင်း၊ ၂၀၂၂ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် ပေါက်ကွဲစေသော လက်နက်များနှင့်ပတ်သော ပစ်ခတ်တိုက်ခိုက်မှု အရေအတွက်အနည်းဆုံး ၅၅၀ ကျော်သာ ဖြစ်ပွားခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ်တွင် ပေါက်ကွဲစေသော လက်နက်များနှင့်ပတ်သက်ပြီး အရပ်သားများ ထိခိုက်သေဆုံးစေခဲ့သော အဖြစ်အပျက်ပေါင်း ၉၄၉ ခု ဖြစ်ပွားခဲ့ကြောင်း AOAV အဖွဲ့၏ ဖော်ပြချက်အရ သိရသည်။

၂၀၂၂ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် ပေါက်ကွဲစေသောလက်နက်များနှင့် ပတ်သတ်သော တိုက်ခိုက်မှုများကြောင့် အရပ်သားများ ထိခိုက်သေဆုံးမှု ၉၈၀ ဦးရှိခဲ့သော်လည်း ၂၀၂၃ ခု နှစ်တွင် အရပ်သားများထိခိုက်သေဆုံးမှု ၂၁၆၅ ဦးအထိရှိခဲ့ကာ အရပ်သားများ ထိခိုက်သေဆုံးရမှု ၁၂၁ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း AOAVအဖွဲ့က ဖော်ပြထားသည်။

မြန်မာနိုင်ငံ၊ ဆူဒန်၊ ယူကရိန်း၊ ရုရှား၊ ဂါဇာစစ်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် အရပ်သားများ ထိခိုက်သေဆုံးမှုများ ထပ်မံဖြစ်လာဖွယ်ရှိနေကြောင်း သိရသည်။

AOAV အဖွဲ့ကထုတ်ပြန်သော ၂၀၂၃ ခုနှစ်အတွင်း ပေါက်ကွဲစေသောပစ္စည်းများကြောင့် အရပ်သားများ ထိခိုက်သေဆုံးရမှု အများဆုံးအရပ်ဒေသများထဲတွင် ဂါဇာစစ်ပွဲ၊ ယူကရိန်း စစ်ပွဲ၊ ဆူဒန်နှင့် မြန်မာနိုင်ငံတို့က ထိပ်ဆုံး ၁၀ နေရာထဲတွင် ပါဝင်နေကြောင်း သိရသည်။

AOAV အဖွဲ့သည် လက်နက်ကိုင်ပဋိပက္ခများအတွင်း အရပ်သားများ အကြမ်းဖက်ခံရခြင်းကို အဆုံးသတ်ရန်နှင့် အရပ်သားများ၏အခွင့်ရေးကို ကာကွယ်လေးစားရန်အတွက် အချက်လက်များ ပြုစုဖော်ပြနေသည့် အစိုးရမဟုတ်သောအဖွဲ့စည်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်က အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက် လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားမှု အရှိန်မြင့်တက်လာခဲ့ရာ အရပ်သားများ ထိခိုက်သေဆုံးမှု မြင့်တက်ခဲ့သလို နေရပ် စွန့်ခွာထွက်ပြေးနေရသူ အနည်းဆုံး နှစ်သန်းကျော်ခဲ့ကြောင်း သိရသည်။

ကောင်းထက်ငွေ

reliefweb.int/report

ယနေ့ခေတ်

မြန်မာနိုင်ငံသည် ပေါက်ကွဲစေသောလက်နက်များကြောင့် အရပ်သားများ ထိခိုက်သေဆုံးမှု အများဆုံးနိုင်ငံများထဲတွင် ပါဝင်နေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.