မြန်မာနိုင်ငံရှိ ကယ်ဆယ်ရေးစခန်းများသို့ နောက်ဆုံးအကူအညီများကို WFP ပေးအပ်

စင်ကာပူ၊ မတ် ၁၉

မြန်မာနိုင်ငံရှိ ကယ်ဆယ်ရေးစခန်းတွင် နေထိုင်သူများသည် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်မှ နောက်ဆုံးအဖြစ်ပေးအပ်သည့် အကူအညီများကို မတ်လ ၁၉ ရက်၊ ဗုဒ္ဓဟူးနေ့ (ယနေ့) တွင် လက်ခံရရှိခဲ့ကြောင်း သိရသည်။

ကုလသမဂ္ဂအေဂျင်စီသည် ရန်ပုံငွေပြတ်တောက်ခဲ့ခြင်းကြောင့် မြန်မာနိုင်ငံတွင်း လူပေါင်းတစ်သန်းကို အကူအညီများရပ်ဆိုင်းလိုက်ရကြောင်း သိရသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ ကမ္ဘာ့နိုင်ငံများသို့ ထောက်ပံ့ရေးအသုံးစရိတ်ကို ဖြတ်တောက်လိုက်ခြင်းကြောင့် WFP အတွက် အရေးကြီးရန်ပုံငွေ ပြတ်တောက်ခဲ့ပြီး၊ မြန်မာ နိုင်ငံမှ လေးနှစ်ကြာပြည်တွင်းစစ်ကြောင့် အကူအညီလိုအပ်နေသူများ ဖြတ်တောက်ခံခဲ့ရသည်။

“ဒီသတင်းက မမှန်ဖို့ ညတိုင်းဆုတောင်းပါတယ်” ဟု မိသားစုငါးဦးကို ကျွေးမွေးရန်အတွက် လစဉ်ကြေး US$50 ဝန်းကျင်ရရှိသည့် အမျိုးသမီးက ပြောသည်။

“အလှူရှင်တွေ ကောင်းချီးပေးပြီး ပြန်ကူညီနိုင်ပါစေလို့ ဘုရားသခင်ကို ဆုတောင်းပါတယ်။ ကျေးဇူးပြုပြီး ငါတို့ကိုသနားပါ” ဟု မြစ်ကြီးနားမြို့အရှေ့မြောက်ဘက်ရှိ ဒုက္ခသည်စခန်းတစ်ခုတွင် သူမက AFP သို့ ပြောကြားသည်။

၂၀၂၁ ခုနှစ်တွင် စစ်တပ်မှ အရပ်သားအစိုးရကိုဖြုတ်ချပြီးကတည်းက လက်နက်ကိုင်ပဋိပက္ခများဖြစ်ပေါ်နေသည့် မြန်မာနိုင်ငံတွင် လူသန်းပေါင်းများစွာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ပြီး ဆင်းရဲမွဲတေမှုနှုန်း ၅၀ ရာခိုင်နှုန်းအထိ ဖြစ်ပေါ်နေသည်။

WFP က ဧပြီလတွင် လူ ၃၅,၀၀၀ ခန့်သာ ဝန်ဆောင်မှုပေးမည်ဟု ပြောကြားထားပြီး၊ လူ ၁၅ သန်း၏ တစ်စိတ်တစ်ပိုင်းသည် ၎င်းတို့၏ နေ့စဉ်စားနပ်ရိက္ခာလိုအပ်ချက်ကို မဖြည့် ဆည်းပေးနိုင်ကြောင်း သိရသည်။

Ref: CNN

#ယနေ့ခေတ်

မြန်မာနိုင်ငံရှိ ကယ်ဆယ်ရေးစခန်းများသို့ နောက်ဆုံးအကူအညီများကို WFP ပေးအပ် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.