မြန်မာနိုင်ငံရေးအခက်ခဲကို ဖြေရှင်းနိုင်ရန် သက်ဆင်၏ကြိုးပမ်းမှုများနှင့်ပတ်သက်ပြီး ထိုင်းအစိုးရတုံ့ပြန်

ဘန်ကောက်၊ မေ ၇

ထိုင်းအစိုးရအနေဖြင့် မြန်မာနိုင်ငံရှိ လက်နက်ကိုင်အဖွဲ့စည်းများနှင့် စေ့စပ်ဆွေးနွေးမည့် ဝန်ကြီးချုပ်ဟောင်းသက်ဆင်၏ ဆွေးနွေးမှုများတွင် ပါဝင်ဆက်နွယ်မည်မဟုတ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးအသစ်က ထုတ်ဖော်ပြောဆိုလိုက်သည်။

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်သည် ကချင်လက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်များ၊ အမ်ယူဂျီအဖွဲ့ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ပြီးခဲ့သောရက်ပိုင်းတွင်သတင်းများထွက်ပေါ်လာခဲ့ပြီးနောက် ထိုင်းအစိုးရတာဝန်ရှိသူများက တုံ့ပြန်လိုက်ခြင်းဖြစ်သည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး Maris Sangiampongsa က မြန်မာနိုင်ငံကိုကူညီထောက်ပံ့ပေးမည့် ဝန်ကြီးချုပ်ဟောင်းသက်ဆင်၏ အစီအစဉ်များကို မသိကြောင်း၊ လက်ရှိထိုင်းအစိုးရအနေဖြင့် ဝန်ကြီးချုပ်ဟောင်းသက်ဆင်၏ မြန်မာအရေးကြိုးပမ်းမှုများတွင် ပါဝင်ဆက်နွယ်မှုမရှိကြောင်း ပြောသည်။

၎င်းက “ ဝန်ကြီးချုပ်ဟောင်းသက်ဆင်ကို လူသိများပြီး ဆက်သွယ်မှုတွေရှိကြမှာပါ။ မြန်မာနိုင်ငံသားတွေကလည်း သက်ဆင်ဟာ မြန်မာနိုင်ငံရေးအခက်ခဲကို ဖြေရှင်းနိုင်အောင် ကူ ညီပေးနိုင်မယ်လို့ ယုံကြည်တာတွေရှိနေပါတယ်။ မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့စစ်ပွဲတွေက အချိန်ကြာလာမယ်ဆိုရင် ထိုင်းနိုင်ငံကိုလည်း သက်ရောက်မှုတွေရှိလာမှာပါ။” ဟု ပြော သည်။

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်သည် ရှမ်းပြည်နယ်ရှိ လက်နက်ကိုင်အဖွဲ့စည်းများနှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။

ကောင်းထက်ငွေ

nationthailand.com/news

မြန်မာနိုင်ငံရေးအခက်ခဲကို ဖြေရှင်းနိုင်ရန် သက်ဆင်၏ကြိုးပမ်းမှုများနှင့်ပတ်သက်ပြီး ထိုင်းအစိုးရတုံ့ပြန် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.