မြန်မာနိုင်ငံရေးအခက်ခဲများကို ဖြေရှင်းနိုင်ရန် တွန်းအားပေးဆောင်ရွက်မှုများ ဆက်လက်လုပ်ဆောင်မည်ဟု ကမ္ဘောဒီးယားအစိုးရ ဆို

ဖနွမ်းပင်၊ ဇွန် ၁၄

ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် မြန်မာအရေးကိုဖြေရှင်းနိုင်ရန် တွန်းအားပေးဆောင်ရွက်မှုများ ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာန အကြီးတန်းအရာရှိတစ်ဦးဖြစ်သူ ခွန်ပေါက်က ထုတ်ဖော်ပြောဆိုလိုက်သည်။

ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် မြန်မာအစိုးရကို အာဆီယံသဘောတူညီချက်ငါးချက် အကောင်ထည်ဖော်ရန် တွန်းအားပေးမည်ဖြစ်သလို၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးခွင့်ရရန် ကြိုးပမ်းမည်ဖြစ်ကြောင်း ၎င်းကထပ်မံပြောဆိုခဲ့သည်။

နစကအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေဖြင့်လည်း ကမ္ဘောဒီးယားနိုင်ငံခေါင်းဆောင်များကို ဒေါ် အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးခွင့်ပေးရန်ကိစ္စကို စဉ်းစားသုံးသပ်မည်ဟု မျှော်လင့်ထားကြောင်း၊ မြန်မာအရေးကိုဖြေရှင်းနိုင်ရန် တွေ့ဆုံဆွေးနွေးမှုများဖြစ်စေရန် ဝိုင်းဝန်းကူညီရမည်ဟု ယုံကြည်ကြောင်း ခွန်ပေါက်က ထပ်မံပြောဆိုသည်။

၎င်းက “ မြန်မာအစိုးရဟာ ပြည်သူတွေအကျိုးစီးပွားအတွက် တောင်းဆိုထားမှုတွေကို စဉ်းစားပြီး အပြုသဘောဆောင်တဲ့ တုံပြန်မှုတွေလုပ်ဆောင်မယ်လို မျှော်လင့်ထားတယ်။ ကမ္ဘောဒီးယားနိုင်ငံဟာ ဝေဖန်ပြစ်မှုတွေရင်ဆိုင်ခဲ့ရပေမယ့်လည်း အာဆီယံအလှည့်ကျဥက္ကဌအဖြစ် တာဝန်မယူခင်ကလည်း မြန်မာအရေးကိုဖြေရှင်းနိုင်ဖို ကြိုးပမ်းခဲ့သလို၊ အာဆီယံအဖွဲဥက္ကဌအဖြစ် တာဝန်ယူချိန်မှာလည်း မြန်မာအရေးကိုအဖြေရှာနိုင်ဖို တက်ကြွစွာလုပ်ဆောင်ခဲ့တယ်။” ဟု ပြောသည်။

ကမ္ဘောဒီးယားအစိုးရအနေဖြင့် မြန်မာအရေးကို ဖြေရှင်းနိုင်ရန် ဖြစ်နိုင်ဖွယ်ရှိသည့် အရာရာတိုင်းကို လုပ်ဆောင်ပေးသွားမည်ဖြစ်သလို မြန်မာအရေးနှင့်ပတ်သက်ပြီး ပါဝင်ပတ် သက်နေသူအားလုံးနှင့် စေ့စပ်ဆွေးနွေးမှုများ လုပ်ဆောင်မည်ဖြစ်ကြောင်း ခွန်ပေါက်က ထပ်မံပြောဆိုခဲ့သည်။

၎င်းက “ ကမ္ဘောဒီးယားနိုင်ငံဟာ အာဆီယံအလှည့်ကျဥက္ကဌအဖြစ် တာဝန်ယူမှုပြီးဆုံးချိန်မှာလည်း မြန်မာအရေးကို ဆွေးနွေးဖြေရှင်းနိုင်ဖို အဓိကအခန်းကဏ္ဍက ပါဝင်နေဆဲဖြစ်ပါတယ်။ မြန်မာနိုင်ငံကို အတိတ်တုန်းက ကမ္ဘောဒီးယားနိုင်ငံတွေ့ကြုံခဲ့ဖူးတာတွေကို ရှောင်ရှားနိုင်အောင်ကူညီပေးဖို မြန်မာအရေးနဲ့ပတ်သက်ပြီး ပါဝင်ပတ်သက်နေသူအားလုံး ကူညီဆောင်ရွက်ပေးဖို မျှော်လင့်ထားတယ်။” ဟု ပြောသည်။

ကောင်းထက်ငွေ

khmertimeskh.com

မြန်မာနိုင်ငံရေးအခက်ခဲများကို ဖြေရှင်းနိုင်ရန် တွန်းအားပေးဆောင်ရွက်မှုများ ဆက်လက်လုပ်ဆောင်မည်ဟု ကမ္ဘောဒီးယားအစိုးရ ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.