မြန်မာနိုင်ငံမှ နေရပ်စွန့်ခွာသူများကို ကူညီပေးမည့် ထိုင်းအစိုးရ၏အစီအစဉ်ကို ပံ့ပိုးကူညီမည်ဟု ဗီယက်နမ်အစိုးရ ဆို

ဘန်ကောက်၊ ဧပြီ ၁၃

ဗီယက်နမ်အစိုးရအနေဖြင့် မြန်မာနိုင်ငံမှ နေရပ်စွန့်ခွာသူများကို လူသားချင်းဆိုင်ရာ စာနာမှုအကူအညီပေးမည့် ထိုင်းအစိုးရ၏အစီအစဉ်များကို အားပေးထောက်ခံပြီး ကူညီပေးသွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။

မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခများနှင့်ပတ်သက်ပြီး အာဆီယံသဘောတူညီချက်များကို ရယူနိုင်ရန်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ထိုင်းနှင့် ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးတို့က (JCBC-5),အစည်းအဝေးအပြီးပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ထိုင်းနှင့် ဗီယက်နမ်အစိုးရ တာဝန်ရှိသူများက ပြောဆိုခဲ့သည်။

လက်ရှိအချိန်က အာဆီယံအနေဖြင့် မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးရယူနိုင်ရန် ကြိုးပမ်းလုပ်ဆောင်ရမည့်အချိန်ဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး Parnpree Bahiddha-nukara နှင့် ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီး Bui Thanh Son တို့က ပြောသည်။

အဆိုပါအစည်းအဝေးအတွင်း ထိုင်းနှင့် ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးတို့သည် မြန်မာနိုင်ငံရေးအခြေနေများနှင့်ပတ်သက်ပြီး အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးက “ ကျွန်တော်နဲ့ ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးတို့ဟာ ထိုင်းနဲ့ မြန်မာနယ်စပ်ဒေသအနီးမှာ တိုက်ပွဲတွေဖြစ်ပွားလာနေတာတွေအတွက် စိုးရိမ်ရတယ်။မြန်မာနိုင်ငံရဲ့ လက်ရှိအခြေနေတွေနဲ့ပတ်သက်ပြီး အာဆီယံသဘောတူညီချက်တွေကို အကောင်ထည်ဖော်လုပ်ဆောင်ဖို့ ပူးပေါင်းလုပ်ဆောင်ရေး သဘောတူညီခဲ့ပါတယ်။ ပဋိပက္ခတွေက အာဆီယံသဘောတူညီချက်တွေကို ချက်ချင်းလုပ်ဆောင်ဖို့ ညွှန်ပြနေတယ်။” ဟု ပြောသည်။

ထိုအပြင် ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးသည် ထိုင်းနှင့် မြန်မာနယ်စပ်ဒေသရှိ နေရပ်စွန့်ခွာသူများကို လူသားချင်းဆိုင်ရာ စာနာမှုအကူအညီပေးမည့် အစီအစဉ်ကို ကူညီထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုထားသည်။

ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့သည် အာဆီယံအလှည့်ကျဥက္ကဌအဖြစ်တာဝန်ယူမည့် လာအိုနိုင်ငံ၏လုပ်ကိုင်မှုများကို ပိုမိုကောင်းမွန်ရေန် ကူညီထောက်ပံ့ပေးရန် သဘောတူညီခဲ့သည်။သို့သော်လည်း ထိုင်းနှင့် ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးတို့သည် မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးပြန်လည်ရရှိစေရန် အာဆီယံအဖွဲ့က လုပ်ဆောင်မည့် အစီအစဉ်များကို အသေးစိတ်ပြောဆိုခြင်းမရှိခဲ့ကြောင်း သိရသည်။

ကောင်းထက်ငွေ

nationthailand.com/world/asean

မြန်မာနိုင်ငံမှ နေရပ်စွန့်ခွာသူများကို ကူညီပေးမည့် ထိုင်းအစိုးရ၏အစီအစဉ်ကို ပံ့ပိုးကူညီမည်ဟု ဗီယက်နမ်အစိုးရ ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.