ဘန်ကောက်၊ ဇန်နဝါရီ ၁၇
ထိုင်ဝန်ကြီးချုပ် ဆာရက်သာ တာဗီဆင် ဦးဆောင်သော ထိုင်းအစိုးရအဖွဲ့သည် မြန်မာနိုင်ငံရှိ ထိခိုက်လွယ်သော ပြည်သူများကို လူသားချင်းဆိုင်ရာ စာနာမှုအကူအညီပေးရန် စဉ်း စားနေကြောင်း ထိုင်းစစ်တပ်နှင့်နီးစပ်သော သတင်းအရင်းမြစ်က ပြောသည်။
မြန်မာနိုင်ငံရေးအငြင်းပွားမှုများကို အဖြေရှာနိုင်ရန်အတွက် SAC အဖွဲ့ နှင့် တိုင်းရင်းသားလက်နက်ကိုင်အုပ်စုများကြား တွေ့ဆုံဆွေးနွေးနိုင်ရန် အိမ်ရှင်အဖြစ် လက်ခံကျင်းပနိုင်ရေး ကို စဉ်းစားနေကြောင်း ထိုင်းစစ်ဘက် သတင်းအရင်းမြစ်များက ပြောသည်။
ထိုင်းဝန်ကြီးချုပ် ဆာရက်သာတာဗီဆင်သည် မြန်မာနိုင်ငံတွင်ဖြစ်ပွားလျက်ရှိနေသည့် လက်နက်ကိုင်ပဋိပက္ခများနှင့်ပတ်သက်ပြီး ထိုင်းနိုင်ငံခြားရေးဝန်ကြီး Parnpree Bahiddha-nukara အပြင် ထိုင်းစစ်တပ်ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံသည် ထိုင်းနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံဖြစ်သည့်အတွက် အာဆီယံသဘောတူညီချက် ငါးချက်နှင့်အညီ မြန်မာနိုင်ငံရှိ လူသားချင်းဆိုင်ရာ စာနာမှုအကူအညီ လိုအပ်နေသူ များကို အကူညီများပေးရန် စဉ်းစားနေကြောင်း ထိုင်းအစိုးရနှင့်နီးစပ်သော သတင်းအရင်းမြစ်များက ပြောသည်။
ထိုင်းစစ်တပ်နှင့်နီးစပ်သော သတင်းအရင်းမြစ်က “ ထိုင်းအစိုးရဟာ လူသားချင်းဆိုင်ရာ စာနာမှုအကူညီလိုအပ်နေသူတွေကို ကူညီထောက်ပံ့ပေးနိုင်ဖို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ကတဆင့် မြန်မာအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ဖွယ်ရှိနေပါတယ်။ ထိုင်းစစ်တပ်ကလည်း လိုအပ်တဲ့ကူညီထောက်ပံ့ပေးမှုတွေ လုပ်ဆောင်မယ်။” ဟု ပြောသည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ထိုင်းစစ်တပ်သည် မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာနေရသူများကို လူသားချင်းဆိုင်ရာ စာနာမှုအကူညီပေးနိုင်ရန်အ တွက် ထိုင်းနှင့် မြန်မာနယ်စပ်ဒေတသစ်လျှောက်တွင် လူသားချင်းဆိုင်ရာ စာနာမှုအကူညီပေးမည့်စင်တာများ တည်ထောင်ရန် စဉ်းစားနေကြောင်း ပြီးခဲ့သော ဒီဇင်ဘာလအတွင်း ပြော ဆိုခဲ့သည်။
သို့သော်လည်း မြန်မာအာဏာပိုင်များသည် နယ်စပ်ဒေသတစ်လျှောက်တွင် အကူညီလိုအပ်နေသော မြန်မာနိုင်ငံသားများကို လူသားချင်းဆိုင်ရာ စာနာမှုအကူအညီပေးနိုင်မည့် စင် တာတစ်ခု ပူးတွဲတည်ထောင်ရန် ဆွေးနွေးရေးအတွက် ကိုယ်စားလှယ်အဖွဲ့ စေလွှတ်ခြင်းမရှိသေးကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ထပ်မံပြောဆိုထားသည်။
ကောင်းထက်ငွေ
bangkokpost.com
မြန်မာနိုင်ငံမှနေရပ်စွန့်ခွာသူများကို လူသားချင်းဆိုင်ရာစာနာမှုအကူညီပေးနိုင်ရန် ထိုင်းအစိုးရစဉ်းစားနေ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်