ဘန်ကောက်၊ မတ် ၃၀
ထိုင်းအာဏာပိုင်များသည် မြန်မာနိုင်ငံဘက်ခြမ်းသို့ ပို့ဆောင်မည့် ဒရုန်းပစ်ဂျန်မာသေနတ်များကို မဲဆောက်မြို့တွင် ပြီးခဲ့သောရက်ပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းများတွင်ဖော်ပြထားသည်။
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ အာဏာပိုင်များသည် မြန်မာနိုင်ငံသားနှစ်ဦးကို ဂျန်မာသေနတ်များဖြင့် ဖမ်းဆိးရမိခဲ့ခြင်းဖြစ်ကြောင်း တက်ပြည်နယ်၊ ရဲတပ်ဖွဲ့အကြီးအကဲဖြစ်သူ ရဲမှူးကြီး Nattakorn Rueantip က ပြောသည်။
မြန်မာနိုင်ငံဘက်ခြမ်းသို့ ဒရုန်းပစ်ချမည့် ဂျန်မာသေနတ်များ လွှဲပြောင်းပေးဖွယ်ရှိနေသည်ဆိုသောသတင်းကို လက်ခံရရှိခဲ့ပြီးနောက် ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း ထိုင်းရဲမှူးကြီးက ပြောသည်။
ထိုင်းရဲတပ်ဖွဲ့သည် သတင်းကိုလက်ခံရရှိခဲ့ပြီးနောက် စောင့်ကြည့်စစ်ဆေးခဲ့ရာ မြန်မာနိုင်ငံသားနှစ်ဦး၏ ဆက်နွယ်သောအထုတ်များကို စစ်ဆေးခဲ့ရာ အထုတ်အတွင်းမှ ဒရုန်းပစ်သေနတ်များနှင့် ဆက်နွယ်သောပစ္စည်းများကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုင်းအာဏာပိုင်များသည် မြန်မာနိုင်ငံသားနှစ်ဦးကို ခွင့်ပြုချက်မရဘဲ လက်နက်များကို တရားမဝင်ပိုင်ဆိုင်ရန် ကြိုးပမ်းသည့်အတွက် စွဲချက်တင်ခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိသော မြန်မာနိုင်ငံသားနှစ်ဦးက ၎င်းတို့ကိုအွန်လိုင်းမှတဆင့် လူတစ်ဦးကချိတ်ဆက်ပြီး ဒရုန်းပစ်ဂျန်မာများကို မြန်မာနိုင်ငံဘက်ခြမ်းသို့ ပို့ဆောင်ပေးရန် တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။
ထိုင်းရဲတပ်ဖွဲ့သည် အဆိုပါဒရုန်းပစ်ဂျန်မာများ ဖမ်းဆီးရမိမှုတွင် ပါဝင်ဆက်နွယ်နေသူများကို ထပ်မံစုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း ထိုင်းရဲမှူးကြီးက ပြောသည်။
ထိုင်းရဲမှူးကြီးက လက်နက်များကို လွှဲပြောင်းပေးခြင်း၊ စုဆောင်းပေးခြင်းများအတွက် ၎င်းတို့ပိုင်နက်ကို အသုံးချခြင်းများကို ခွင့်မပြုကြောင်း ထုတ်ဖော်ပြောဆိုထားသည်။
ကောင်းထက်ငွေ
bangkokpost.com
မြန်မာနိုင်ငံဘက်ခြမ်းသို့ ပို့ဆောင်မည့် ဒရုန်းပစ်ဂျန်မာနှင့်အတူ မြန်မာနိုင်ငံသားနှစ်ဦးကို ဖမ်းဆီးရမိခဲ့ဟု ထိုင်းရဲတပ်ဖွဲ့ ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်