ဘန်ကောက်၊ ဖေဖော်ဝါရီ ၉
ထိုင်းနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ကြားဝင်စွက်ဖက်မည်မဟုတ်ကြောင်း၊ လူသားချင်းဆိုင်ရာ စာနာမှုအကူအညီပေးရေးအစီအစဉ်များကိုသာ အဓိကရည်ရွယ် ချက်ဖြင့် လုပ်ဆောင်မည်ဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး Parnpree Bahiddha-Nukara က ထုတ်ဖော်ပြောဆိုလိုက်သည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံရှိ လူသားချင်းဆိုင်ရာ စာနာမှုအကူအညီလိုအပ်နေသူများကို အကူအညီပေးမည့်အစီစဉ်အား တစ်လအတွင်း စတင်လုပ်ကိုင်ပေးနိုင်မည်ဟုမျှာ်လင့်ထားကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီး Parnpree Bahiddha-Nukara သည် မြန်မာနိုင်ငံရှိ လူသားချင်းဆိုင်ရ ာစာနာမှုအကူအညီ လိုအပ်နေသူများကို အကူညီပေးနိုင်မည့် စင်္ကြလမ်းတည် ဆောက်ရန်အတွက် ပြီးခဲ့သောရက်ပိုင်းတွင် မဲဆောက်မြို့သို့သွားရောက်လေ့လာခဲ့ပြီး တစ်လအတွင်းစတင်နိုင်ရန် မျှော်လင့်နေကြောင်း သိရသည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးက “ ကျွန်တော်တို့ဟာ လူသားချင်းဆိုင်ရာ စာနာမှုအကူအညီပေးနိုင်ဖို့ မြန်မာအစိုးရနဲ့ စတင်လုပ်ဆောင်တာမျိုးမဟုတ်ဘဲ အခြားပြည်သူတွေနဲ့စတင်မယ်ဆိုရင်တောင် နောက်ဆုံးမှာ မြန်မာအစိုးရနဲ့ ပြန်လည်ဆက်ဆံထိတွေ့ရတာမျိုးတွေ ရှိလာနိုင်တယ်။ ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံရဲ့ပြည်တွင်းရေးကို ကြားဝင်စွက်ဖက်မှာမဟုတ်ဘူး၊ကျွန်တော်တို့ရဲ့ အဓိကရည်ရွယ်ချက်က လူသားချင်းဆိုင်ရ ာစာနာမှုအကူအညီလိုအပ်နေသူတွေကို အကူညီပေးနိုင်ရေးသာဖြစ်တယ်။” ဟု ပြောသည်။
အကူညီလိုအပ်နေသူများကို လူသားချင်းဆိုင်ရာ စာနာမှုအကူအညီပေးမည့် ထိုင်းနိုင်ငံ၏ ကနဦးအစီစဉ်များနှင့်ပတ်သတ်ပြီး မြန်မာနိုင်ငံမှ နေရပ်စွန့်ခွာသူ နှစ်သောင်းကျော် အကျိုး ခံစားခွင့်ရဖွယ်ရှိနေကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောသည်။
အဆိုပါ လူသားချင်းဆိုင်ရာ စာနာမှုအကူအညီများ ဖြန့်ဝေကူညီခြင်းကို အာဆီယံလူသားချင်းဆိုင်ရာ စာနာမှုအကူအညီပေးရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ထိုင်းနှင့်မြန်မာ ကြက်ခြေနီအဖွဲ့များက ပူးပေါင်းလုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံဖြစ်သည့်အတွက် မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံသို့ နေရပ်စွန့်ခွာထွက်ပြေးသူအရေအတွက် ပိုမိုများပြားလာမည်ကို စိုးရိမ်နေကြောင်း သိရသည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးက အာဆီယံအဖွဲ့အနေဖြင့် မြန်မာအစိုးရနှင့်ရရှိထားသော အာဆီယံသဘောတူညီချက်ငါးချက် အကောင်ထည်ဖော်ရေးလုပ်ငန်းစဉ်များ အကောင်ထည်ဖော်နိုင်ရန် တက်ကြွစွာတွန်းအားပေးရမည်ဖြစ်ကြောင်း ပြောသည်။
ကောင်းထက်ငွေ
apnews.com
မြန်မာနိုင်ငံပြည်တွင်းရေးကို ကြားဝင်စွက်ဖက်မည်မဟုတ်ဘဲ လူသားချင်းဆိုင်ရာ စာနာမှုအကူအညီပေးရေးကို အဓိကထားလုပ်ဆောင်မည်ဟု ထိုင်းအစိုးရ ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်