မြန်မာနိုင်ငံနှင့်ထိစပ်နေသော နယ်စပ်ဒေသများကို ခြံစည်းရိုးခတ်ရန်အတွက် အိန္ဒိယအစိုးရက အမေရိကန်ဒေါ်လာ ၄ ဘီလျံနီးပါး သုံးစွဲဖွယ်ရှိနေ

နယူးဒေလီ၊ မတ် ၂၈

အိန္ဒိယအစိုးရသည် မြန်မာနှင့်အိန္ဒိယနိုင်ငံကြားထိစပ်နေသော နယ်စပ်ဒေသများကို ခြံစည်းရိုးခတ်ရန်အတွက် အမေရိကန်ဒေါ်လာ ၃ ဒသမ ၇ ဘီလျံ အသုံးပြုသွားရန် စီစဉ်ထားကြောင်း အဆိုပါကိစ္စနှင့်နီးစပ်သူများက ပြောသည်။

အိန္ဒိယအစိုးရသည် ၎င်းတို့နိုင်ငံအတွင်းကို တရားမဝင် ဝင်ရောက်မှုများနှင့် မှောင်ခိုတင်သွင်းခြင်းများကို တားဆီးနိုင်ရန်အတွက် နယ်စပ်ခြံစည်းရိုးခတ်ရန် စီစဉ်ဆောင်ရွက်လာခဲ့ခြင်းဖြစ်ပြီး ၁၀ နှစ်အတွင်း အပြီးတည်ဆောက်သွားဖွယ်ရှိနေသည်ဟု သိရသည်။

အိန္ဒိယအစိုးရ၏ ခြံစည်းရိုးခတ်မည့်အစီစဉ်ကြောင့် မြန်မာနှင့် အိန္ဒိယနိုင်ငံသားများ နယ်စပ်ဒေသကို ဗီဇာမပါဘဲဖြတ်သန်းခွင့် ဆုံးရှုံးဖွယ်ရှိနေကြောင်း သိရသည်။

သို့သော်လည်း ခြံစည်းရိုးခတ်ရန် အသုံးပြုမည့်ငွေကြေးက အိန္ဒိယအစိုးရ၏ ခွင့်ပြုချက်ရရှိရန်လိုအပ်နေဆဲဖြစ်ကြောင်း အိန္ဒိယသတင်းများတွင် ဖော်ပြထားသည်။

သို့သော်လည်း နယ်စပ်ဒေသတွင်နေထိုင်နေသူများက နှစ်နိုင်ငံကြား ခြံစည်းရိုးခတ်မည့်အစီအစဉ်ကို ငြင်းဆန်ပယ်ချထားကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း မြန်မာနိုင်ငံသားများသည် နယ်စပ်ဒေသကိုဖြတ်သန်းပြီး အိန္ဒိယနိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးခိုလှုံမှုများရှိခဲ့ကြောင်း သိရ သည်။

မြန်မာအစိုးရသည် အိန္ဒိယနိုင်ငံက နယ်စပ်ခြံစည်းရိုးခတ်မည့်အစီအစဉ်နှင့်ပတ်သက်ပြီး တစ်စုံတစ်ရာမှတ်ချက်ပြုပြောဆိုခြင်းမရှိသေးကြောင်း သိရသည်။

ထိုအပြင် အိန္ဒိယဝန်ကြီးချုပ်ရုံး၊ ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတို့ကလည်း နယ်စပ်ဒေသခြံစည်းခတ်မည့်အစီအစဉ်အပြင် အသုံးပြုမည့်ငွေကြေးကိစ္စများကို တုံ့ပြန်ပြောဆိုခြင်းမျိုးမရှိသေးကြောင်း သိရသည်။

straitstimes.com

မြန်မာနိုင်ငံနှင့်ထိစပ်နေသော နယ်စပ်ဒေသများကို ခြံစည်းရိုးခတ်ရန်အတွက် အိန္ဒိယအစိုးရက အမေရိကန်ဒေါ်လာ ၄ ဘီလျံနီးပါး သုံးစွဲဖွယ်ရှိနေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.