ရန်ကုန်၊ မတ် ၈
မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ သို့မဟုတ် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီတွင် ရွေးကောက်ပွဲကျင်းပမည်ဟု နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတ H.E. Mr.Alexander Gregoryevich Lukashenko တို့ မီဒီယာများနှင့်တွေ့ဆုံစဉ်အတွင်း ထိုကဲ့သို့ပြောကြားလိုက်ခြင်း ဖြစ်ကြောင်း နစက သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
“မကြာခင်မှာလည်း ဥပဒေနှင့်အညီ ရွေးကောက်ပွဲကျင်းပသွားဖို့ရှိပါတယ်။ လွတ်လပ်ပြီး တရားမျှတတဲ့ရွေး ကောက်ပွဲကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (သို့မဟုတ်) ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ အစောဆုံး ကျင်းပသွားဖို့စီစဉ်ထားကြောင်း ပြောလိုပါတယ်။” ဟု နစက ဥက္ကဌက ဆိုသည်။
အဆိုပါရွေးကောက်ပွဲကို ဘီလာရုစ်သမ္မတနိုင်ငံမှ လေ့လာရေးအဖွဲ့များကိုလည်း လာရောက်ကြည့်ရှုနိုင်ရန် ဖိတ်ကြားခဲ့ကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ပါတီပေါင်း ၅၃ ခုက မှတ်ပုံတင် စာရင်းသွင်းထား ကြောင်း နစက ဥက္ကဌက ဆက်လက်ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် ၂၀၂၀ ခုနှစ်က ကျင်းပခဲ့သည့် ရွေးကောက်ပွဲအငြင်းပွားမှုများကြောင့် နိုင်ငံရေးအကျပ်အတည်းများ ဖြစ်ပေါ်နေသည်။
#ယနေ့ခေတ်
ဓာတ်ပုံ- နစက သတင်းမှန်ပြန်ကြားရေး
မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ သို့မဟုတ် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီတွင် ရွေးကောက်ပွဲကျင်းပမည် ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်