မြန်မာနိုင်ငံတွင် လူပေါင်း ၁၈သန်းကျော် လူသားချင်းဆိုင်ရာ စာနာမှုအကူညီ လိုအပ်နေဟု ကုလအထူးကိုယ်စားလှယ် ဆို

နယူးယောက်၊ ဇန်နဝါရီ ၃၀

မြန်မာနိုင်ငံတွင် အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက် ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခများကြောင့် လူပေါင်း ၂ ဒသမ ၃သန်းကျော် နေရပ်စွန့်ခွာနေထိုင်နေရပြီး လူသားချင်းဆိုင်ရာ စာနာမှုအကူညီလိုအပ်နေသောအရေအတွက် ၁၈ ဒသမ ၆ သန်းကျော်ရှိနေကြောင်း ကုလသမဂ္ဂအထူးကိုယ်စားလှယ် တွန်အန်ဒရူးက ဆိုသည်။

မြန်မာနိုင်ငံတွင် ပြီးခဲ့သောနှစ်အတွင်း ကလေးငယ်ပေါင်း ၁၀,၀၀၀ ကျော်သေဆုံးခဲ့ကြောင်း၊ ပြင်းထန်သောရောဂါများနှင့် အာဟာရချို့တဲ့မှုများကြောင့်ဖြစ်ကြောင်း ၎င်းကဆိုသည်။

၎င်းက မြန်မာပြည်သူများနှင့်ပတ်သက်ပြီး နစက၏တုံ့ပြန်မှုများက အခက်ခဲပြဿနာဖြစ်စေခဲ့ကြောင်း၊ လက်ရှိအချိန်တွင် လူသားချင်းဆိုင်ရာ စာနာမှုအကူညီလိုအပ်မှုနှင့် နေရပ်စွန့်ခွာရမှုများက အခက်ခဲပြဿနာများထဲတွင် ထိပ်ဆုံးမှာရှိနေကြောင်း ပြောသည်။

တွန်အန်ဒရူးက “ မြန်မာနိုင်ငံက လေးငယ်တွေဟာ အာဟာရချို့တဲ့လို့ သေဆုံးရတာမျိုးတွေရှိခဲ့တယ်။ နိုင်ငံတဝှမ်းရှိ လူဦးရေရဲ့တစ်ဝက်လောက်က ဆင်းရဲမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ မြန်မာနိုင်ငံမှာ အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း သုံးနှစ်နီးပါးအတွင်း မြန်မာနိုင်ငံဟာ အရင်ကထက် အခက်ခဲတွေရင်ဆိုင်နေရတယ်။” ဟု ပြောသည်။

လက်ရှိအချိန်တွင် ရွေးကောက်ပွဲကျင်းပမည်ဆိုလျှင် ရွေးကောက်ပွဲက လွတ်လပ်မျှတသော ရွေးကောက်ပွဲဖြစ်ဖွယ်မရှိကြောင်း၊ မြန်မာနိုင်ငံတွင် ဖမ်ဆီးထိန်းသိမ်းခံထားရသူ ၂၀,၀၀၀ ကျော်ရှိနေဆဲဖြစ်ကြောင်း တွန်အန်ဒရူးက ပြောသည်။

ကောင်းထက်ငွေ

channelnewsasia.com

Photo: France 24

မြန်မာနိုင်ငံတွင် လူပေါင်း ၁၈သန်းကျော် လူသားချင်းဆိုင်ရာ စာနာမှုအကူညီ လိုအပ်နေဟု ကုလအထူးကိုယ်စားလှယ် ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.