မြန်မာနိုင်ငံမှ လုပ်ငန်းများကို ပြန်ရုတ်သိမ်းရန် Axiata Group စီးပွားရေးလုပ်ငန်းစု စီစဉ်နေ ဟုဆို

ကွာလာလမ်ပူ၊ ဖေဖော်ဝါရီ ၁၈

မလေးရှားအခြေစိုက် Axiata Group Bhd ၏ လုပ်ငန်းခွဲတစ်ခုဖြစ်သော Edotco Group Sdn Bhd သည် အလားလာရှိသော ရှယ်ယာရှင်အသစ်များကို ပိုမိုဆွဲဆောင်နိုင်ရန် ရည် ရွယ်ချက်ဖြင့် မြန်မာနိုင်ငံတွင် လုပ်ငန်းများပြန်ရုတ်သိမ်းရန် စီစဉ်နေကြောင်း Kenanga Research အဖွဲ့က ပြောသည်။

အဆိုပါ Kenanga Research အဖွဲ့က “ Edotco စီးပွားရေးလုပ်ငန်းရှင်အုပ်စုဟာ အလားလာရှိတဲ့ ရှယ်ယာရှင်တွေကို ဆွဲဆောင်နိုင်ဖို့ ၎င်းတို့ရဲ့လုပ်ငန်းခွဲတစ်ခုဖြစ်တဲ့ Axiata စီးပွားရေးလုပ်ငန်းစုကို မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ငန်းများလုပ်ကိုင်နေခြင်းကနေ ပြန်လည်ရုတ်သိမ်းဖို့ စီစဉ်နေတယ်။ အဲဒီဆုံးဖြတ်ချက်ကြောင့် Edotco စီးပွားရေးလုပ်ငန်းစုရဲ့လုပ် ငန်းတွေ ပြန်လည်ရုတ်သိမ်းခြင်းကြောင့် မြန်မာနိုင်ငံရှိ ၎င်းတို့ပိုင် ဆက်သွယ်ရေးတာဝါတိုင်တွေကို ပြည်တွင်းဝယ်လက်တွေထံ ပြန်လည်ရောင်းချရဖွယ်ရှိနေပါတယ်။ Edotco စီးပွားရေးလုပ်ငန်းစုဟာ မြန်မာနိုင်ငံကနေ လုပ်ငန်းတွေပြန်ရုတ်သိမ်းမှုအတွက် စည်းမျဉ်းစည်းကမ်းပိုင်းဆိုင်ရာ ခွင့်ပြုတွေနဲ့ အပြီးသတ်ရုတ်သိမ်းမှုတွေကို ၂၀၂၄ ခုနှစ်အတွင်း အပြီးသတ်လုပ်ဆောင်ဖို့ မျှော်လင့်နေတယ်။” ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် အာဏာအငြင်းပွားမှုများဖြစ်လာခဲ့ပြီးနောက်ပိုင်း နိုင်ငံတကာစီးပွားရေးလုပ်ငန်းစုများသည် လုပ်ငန်းများလုပ်ကိုင်မှုကို ပြန်လည်ရုတ်သိမ်းခဲ့သော်လည်း Edotco စီးပွားရေးလုပ်ငန်းများ ဆက်လက်လုပ်ကိုင်နေခဲ့ကြောင်း သိရသည်။

အဆိုပါစီးပွားရေးလုပ်ငန်းစုသည် မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးတာဝါတိုင်လုပ်ငန်းတွင် ပါဝင်လုပ်ကိုင်နေပြီး ဆက်သွယ်ရေးတာဝါတိုင်ပေါင်း ၃၀၀၀ ကျော်ကို တည်ဆောက်၊ စီမံခန့်ခွဲခြင်းများ လုပ်ကိုင်ပေးခဲ့ကြောင်း သိရသည်။

Edotco စီးပွားရေးလုပ်ငန်းစုသည် မြန်မာနိုင်ငံမှထွက်ခွာမည်ဖြစ်သော်လည်း မလေးရှား၊ ဗီယက်နမ်၊ ဘင်္ဂလားဒေရှ့်နိုင်ငံတို့တွင် လုပ်ငန်းများ ပိုမိုလုပ်ကိုင်ရန် စီစဉ်နေကြောင်း သိရသည်။

ကောင်းထက်ငွေ

theedgemalaysia.com

မြန်မာနိုင်ငံမှ လုပ်ငန်းများကို ပြန်ရုတ်သိမ်းရန် Axiata Group စီးပွားရေးလုပ်ငန်းစု စီစဉ်နေ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.