ကွာလာလမ်ပူ၊ ဒီဇင်ဘာ ၂
မြန်မာနိုင်ငံမြောက်ပိုင်း၊ လောက်ကိုင်မြို့ထဲတွင် ပိတ်မိနေသည့် မလေးရှားနိုင်ငံသား ၁၂၁ ဦးကို ဒီဇင်ဘာ ၁ ရက်နေ့တွင် မိခင်နိုင်ငံသို့ ဘေးကင်းစွာဖြင့် ပြန်လည်ခေါ်ယူနိုင်ခဲ့ ကြောင်း သိရသည်။
အသက် ၂၀ နှင့် အသက် ၅၀ အရွယ်ကြားရှိ မလေးရှားနိုင်ငံသား ၁၂၁ ဦးသည် တရုတ်နိုင်ငံ၊ ကူမင်းမြို့မှ မလေးရှားနိုင်ငံသို့ AirAsia လေကြောင်းခရီးစဉ်ဖြင့် ပြန်လည်ရောက်ရှိခဲ့ ကြောင်း သိရသည်။
မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Datuk Mohamad Alamin က အောက်တိုဘာလတွင် တိုက်ပွဲများဖြစ်လာခဲ့ပြီးနောက် မြန်မာနိုင်ငံမြောက်ပိုင်း လောက်ကိုင်မြို့ တွင် ပိတ်မိနေသော မလေးရှားနိုင်ငံသား ၁၂၈ ဦးထဲမှ ၁၂၁ ဦးကို ဒီဇင်ဘာ ၁ ရက်နေ့တွင် မိခင်နိုင်ငံသို့ ပြန်လည်ခေါ်ယူခဲ့ကြောင်း အတည်ပြုထားသည်။
၎င်းက “ အခြား ၇ ဦးကတော့ အကြောင်းအမျိုးမျိုးကြောင့် ခေါ်ယူနိုင်ခြင်းမရှိသေးဘူး၊ မလေးရှားအစိုးရဟာ ကျန်ခဲ့တဲ့ မလေးရှားနိုင်ငံသားတွေကို မိခင်နိုင်ငံထံ အမြန်ဆုံးပြန်ခေါ် ယူနိုင်ဖို့ လုပ်ဆောင်သွားမယ်။” ဟု ပြောသည်။
ရန်ကုန်မြို့ရှိ မလေးရှားသံရုံးသည် တရုတ်နိုင်ငံရှိ မလေးရှားသံရုံးနှင့် ပူးပေါင်းပြီး လောက်ကိုင်မြို့တွင် ပိတ်နေသည့် မလေးရှားနိုင်ငံသားများကို ပြန်လည်ကယ်တင်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
ရန်ကုန်မြို့ရှိ မလေးရှားသံရုံးသည် လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားနေသည့် နေရာများတွင် ပိတ်မိနေသည့် မလေးရှားနိုင်ငံသားများကို ကယ်တင်နိုင်ရန် မြန်မာအစိုးရကို အကူအညီ များတောင်းဆိုခဲ့ပြီး မြန်မာအစိုးရထံ အနည်းဆုံး သံတမန် ၁၀ ဦးစေလွှတ်ခဲ့ကြောင်း သိရသည်။
မလေးရှားအစိုးရ တာဝန်ရှိသူတစ်ဦးက လောက်ကိုင်မြို့တွင် ပိတ်မိနေသည့် မလေးရှားနိုင်ငံသားများကို ပြန်လည်ကယ်တင်နိုင်ခဲ့ပြီးနောက် မလေးရှားနိုင်ငံသို့ ပြန်ပို့နိုင်ရန် မြန်မာ နယ်စပ်နှင့် အနီးစပ်ဆုံးနေရာတွင်ရှိနေသည် ကူးမင်းမြို့မှတဆင့် မလေးရှားနိုင်ငံသို့ ပြန်ပို့ဆောင်နိုင်ရန် လုပ်ဆောင်ခဲ့ကြောင်း ပြောသည်။
၎င်းက “ ပြန်လည်ကယ်ထုတ်ခဲ့တဲ့ မလေးရှားနိုင်ငံသားတွေကို တရုတ်နိုင်ငံနယ်စပ်ကို ဖြတ်ကျော်နိုင်ဖို့ မြန်မာ၊ တရုတ်အစိုးရတို့နဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တယ်။ နယ်စပ်ဒေသ ဖြတ် ကျော်ခွင့်ပေးမှုနဲ့အတူ ကောင်းမွန်တဲ့ ပူးပေါင်းဆောင်ရွက်မှု ရရှိခဲ့တယ်။” ဟု ပြောသည်။
အဆိုပါ မလေးရှားနိုင်ငံသားများသည် အွန်ုလိုင်းမှတဆင့် လိမ်လည်နေသော ဂိုဏ်းများလက်ထဲတွင် ပိတ်မိနေခဲ့ပြီး ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲများဖြစ်လာခဲ့ချိန်တွင် မြန်မာအာဏာပိုင်များက ပြန်လည်ကယ်တင်ပေးခဲ့ရကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ပိတ်မိနေသည့် မလေးရှားနိုင်ငံသား ၁၂၁ ဦးကို ပြန်လည်ကယ်တင် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်