ဂျီနီဗာ၊ ဩဂုတ် ၁၃
မြန်မာနိုင်ငံတွင်၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှစကာ နိုင်ငံရေးအပြောင်းအလဲ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အလုပ်အကိုင်ရပ်စဲမှုသည် ၂၃.၅ ရာခိုင်နှုန်းတိုးခဲ့ပြီး၊ အလုပ်ထုတ်ပယ် မှုများ ၄၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ကာ အလုပ်မှနှုတ်ထွက်မှု ၂၂ ရာခိုင်နှုန်းအထိရှိခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO)က ပြောသည်။
ILO သည် မြန်မာနိုင်ငံအတွင်း အလုပ်အကိုင်ရပ်စဲမှုနှင့်၊ လုံခြုံစိတ်ချရသော ဝင်ငွေအကြောင်းတို့ကို စစ်တမ်းအသစ်တစ်ခု လုပ်ဆောင်ခဲ့ပြီးနောက် ဖော်ပြထားခြင်းဖြစ်သည်။
၂၀၂၀ ခုနှစ်၊ မတ်လ ၁ ရက်နှင့် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်အကြား၊ ဆန္ဒအရဖြစ်စေ၊ ဆန္ဒမပါပဲနှင့်ဖြစ်စေ အလုပ်မှယာယီရပ်စဲခံရသူများထဲတွင် အလုပ်အကိုင်ရပ်စဲမှုပေါင်း ၏ ၇၀ ရာခိုင်နှုန်းသည် ဆန္ဒအလျောက် အလုပ်မှနှုတ်ထွက်ခြင်းဖြစ်ပြီး၊ ၂၈ ရာခိုင်နှုန်းသည် အလုပ်ထုတ်ခံရမှုများဖြစ်ကြောင်း ဖော်ပြသည်။
အထူးသဖြင့် နိုင်ငံရေးအပြောင်းအလဲဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ပြည်သူ့ကဏ္ဍ၌ အလုပ်အကိုင်ရပ်စဲမှု ၃၉၂ ရာခိုင်နှုန်းတိုးလာပြီး၊ ပညာရေးကဏ္ဍ၌ ဖြစ်ပွားမှု အများဆုံးဖြစ်သည်။
အလုပ်အကိုင်ရပ်စဲခံရသည့်အခါ အလုပ်ထုတ်ခံရသည့်အလုပ်သမား၏ ၂၉.၅ ရာခိုင်နှုန်းကသာ ဥပဒေအရပြဌာန်းထားသော အလုပ်ထုတ်နစ်နာကြေးကို ရရှိကြပြီး အခြေခံအလုပ် အကိုင်အခွင့်အရေးများကို မည်သို့မည်ပုံမပေးကြောင်း စစ်တမ်းက မီးမောင်းထိုးပြသေးသည်။
အမျိုးသမီးများနှင့်လူငယ်များ (အသက် ၁၅ -၂၄) သည် အမျိုးသားများနှင့် ဝါရင့်အလုပ်သမားများထက် ပို၍နည်းပါးသော အလုပ်ထုတ်နစ်နာကြေးကို ရရှိကြဟန်ပို၍တူကြောင်း တွေ့ရှိရသည်။
ILO မြန်မာ၏ ဆက်သွယ်ညှိနှိုင်းရေးမှူးဖြစ်သူ Donglin Li က ”မြန်မာနိုင်ငံက အလုပ်သမားတွေဟာ တစ်မူထူးခြားစွာ ခက်ခဲတဲ့အခြေအနေတွေကို အစုံလိုက် ရင်ဆိုင်နေကြရတယ်။ ဒီစစ်တမ်းက အလုပ်သမားအခွင့်အရေးတွေကို လေးစားဖို့၊ ပေးနေတဲ့ လူမှုကာကွယ်စောင့်ရှောက်ရေးက တိုးတက်ကောင်းမွန်ဖို့ အပူတပြင်းလိုအပ်နေပြီဆိုတာကို ဖော်ပြနေ တယ်” ဟုဆိုသည်။
ကောင်းထက်ငွေ
မြန်မာနိုင်ငံတွင် နိုင်ငံရေးအပြောင်းအလဲ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အလုပ်အကိုင်ရပ်စဲမှု ၂၃ ဒသမ ၅ ရာခိုင်နှုန်းမြင့်တက်လာခဲ့ကာ အလုပ်မှနုတ်ထွက်မှု ၂၂ ရာခိုင်နှုန်းအထိရှိခဲ့ ကြောင်း ILO အဖွဲ့ ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်