မြန်မာနိုင်ငံတွင် တိုက်ပွဲများကြောင့် ကလေးငယ်များ၏ ပညာသင်ကြားခွင့်ကို သက်ရောက်မှုများရှိလာခဲ့ကြောင်း ဥရောပသမဂ္ဂ ဆို

နယူးယောက်၊ မေ ၃၀

မြန်မာနိုင်ငံတွင်ဖြစ်ပွားလျက်ရှိနေသည့် တိုက်ပွဲများနှင့် နိုင်ငံရေးအခက်အခဲများကြောင့် စာသင်ကျောင်းများ ကာလအတန်ကြာပိတ်ပင်ထားရသည့်အတွက် ကလေးငယ်များ၏ ပညာသင်ကြားခွင့်များကို သက်ရောက်မှုများရှိလာကာ ကလေးငယ်များ ကျောင်းထွက်ရမှုနှုန်းလည်း မြင့်တက်လာနေကြောင်း ဥရောပသမဂ္ဂက ပြောသည်။

မြန်မာနိုင်ငံတွင် ကလေးငယ်များ အာဟာရပြည့်ဝမှုနှင့် ကျန်းမာရေးအခက်ခဲများကို ရင်ဆိုင်နေရပြီး မြင့်မာသောဈေးနှုန်းမျိုးပေးနေရကြောင်း၊ မြန်မာနိုင်ငံရှိ လူလေးဦးလျှင်တစ်ဦး သို့မဟုတ် လူပေါင်း ၁၂ ဒသမ ၉သန်းကျော်သည် အစားစာမလုံခြုံမှုများရင်ဆိုင်နေရပြီး ကလေးငယ်အများအပြား ပါဝင်နေကြောင်း၊ ကလေးငယ်များ၏ ပညာသင်ကြားရေးနှင့် သင်ယူခွင့်များနှင့်ပတ်သက်ပြီး သက်ရောက်မှုများရှိနေကြောင်း ဥရောပသမဂ္ဂက ပြောသည်။

နိုင်ငံရေးမတည်ငြိမ်မှုများ၊ အစားစာမလုံခြုံမှုများ၊ တိုက်ပွဲများဖြစ်ပွားနေခြင်းအချိန်ကြာလာခြင်းကြောင့် မြန်မာနိုင်ငံသားများ၏ စိတ်ပိုင်းဆိုင်ရာအခြေနေများကိုလည်း သက်ရောက်မှုရှိနေကြောင်း ကလေးငယ်များ လက်ထပ်ထိမ်းမြှားခံရမှု မြင့်တက်လာခြင်း၊ လူကုန်ကူးခံရခြင်း၊ လုံခြုံမှုမရှိဘဲရွှေ့ပြောင်းနေထိုင်ရမှု များလားခြင်း၊ ကလေးငယ်လုပ်သားအဖြင့် ခိုင်းစေခံရခြင်းနှင့် လက်နက်ကိုင်အဖွဲ့စည်းများ၏ လူသစ်စုဆောင်းခံရခြင်းများ ပိုမိုမြင့်တက်လာနေသလို တိုက်ပွဲများကြောင့် ကလေးငယ်များ အကြမ်းဖက်ခံရခြင်းမှ ကာကွယ်ပေးရန် မဖြစ်နိုင်သောအခြေနေမျိုးကို ရောက်ရှိနေကြောင်း ဥရောပသမဂ္ဂက ပြောသည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေးပြသာနာများဖြစ်လာခဲ့ပြီးနောက်ပိုင်း ဖြစ်ပွားလာခဲ့သော လက်နက်ကိုင်တိုက်ပွဲများကြောင့် အနည်းဆုံးလူပေါင်း ၄၇,၀၀၀ သေဆုံးထားပြီး၊ ကမ္ဘာတွင် လက်နက်ကိုင်ပဋိပက္ခများ အဆိုးဆုံးရင်ဆိုင်နေရသည့်နိုင်ငံများထဲတွင် ပါဝင်နေကြောင်း အမေရိကန်သံအမတ်ကြီးက ပြောသည်။

ကောင်းထက်ငွေ

europa.eu/delegations/un-new-york

မြန်မာနိုင်ငံတွင် တိုက်ပွဲများကြောင့် ကလေးငယ်များ၏ ပညာသင်ကြားခွင့်ကို သက်ရောက်မှုများရှိလာခဲ့ကြောင်း ဥရောပသမဂ္ဂ ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.