ရန်ကုန်၊ မတ် ၁၇
မြန်မာနိုင်ငံတွင်း ၂၀၂၁ ခုနှစ်နောက်ပိုင်း ကလေးသူငယ်များအပါအဝင် လူ ၁၈ သိန်းကျော် စားဝတ်နေရေးအပြင် အကူအညီမဲ့နေကြောင်း ကမ္ဘာကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ UNICEF Myanmar က မတ် ၁၅ ရက် နေ့စွဲဖြင့် ထုတ်ပြန်ချက်အရ သိရသည်။
“ မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်နောက်ပိုင်းမှာ ပြည်တွင်းနေရပ်စွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်နေရသူများမှာ ကလေးသူငယ်များအပါအဝင် စားဝတ်နေရေးအတွက် ၁၈ သိန်းကျော် အခက်အခဲ အကျပ်အတည်းများနဲ့ ရင်ဆိုင်ကြုံတွေ့နေရသူများပါတယ်။ ဒီလူတွေအတွက် အကူညီမဲ့ပြီး အရေးပေါ်အကူအညီလိုအပ်နေပါတယ်။” ဟု ကမ္ဘာကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ UNICEF Myanmar မှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်
အဆိုပါ ကလေးသူငယ်များအပါအဝင် လူဦးရေ ၁၈ ဒသမ ၆ သန်းက လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများလိုအပ်နေကြောင်း ကမ္ဘာကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ UNICEF Myanmar ၏ ထုတ်ပြန်ချက်အရ သိရသည်။
လက်ရှိ မြန်မာနိုင်ငံမှ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်သူလူဦးရေ နှစ်သန်းကျော်က အိမ်နီးချင်းနိုင်ငံများသို့ ရွေ့ပြောင်းလျက်ရှိပြီး၊ နှစ်ဘက်တိုက်ပွဲများကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှာင်သူ ပိုများကြောင်း ကမ္ဘာကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ UNICEF Myanmar၏ ထုတ်ပြန်၌ ဖော်ပြပါရှိသည်။
မြင့်မြတ်အောင်မြင်
ဓါတ်ပုံ – UNICEF Myanmar
မြန်မာနိုင်ငံတွင် ကလေးသူငယ်များအပါအဝင် လူ ၁၈ သိန်းကျော် အကူညီမဲ့နေကြောင်း UNICEF ထုတ်ပြန် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်