ရန်ကုန်၊ ဇူလိုင် ၁
ဂျပန် Super Market Operator အဖြစ်လုပ်ကိုင်နေသည့် Aeon ကုမ္မဏီက မြန်မာနိုင်ငံရှိ ၎င်းတို့လုပ်ငန်းမှ အကြီးတန်းတာဝန်ရှိသူတစ်ဦး ဖမ်းဆီးထိန်းသိမ်းခံလိုက်ရကြောင်း သတင်းထုတ်ပြန်လားသည်။
ဖမ်းဆီးထိန်းသိမ်းခံရသူသည် မြန်မာနိုင်ငံတွင်လုပ်ကိုင်နေသည့် Aeon Orange Co ကုမ္မဏီမှ အသက် ၅၃ နှစ်အရွယ်ရှိ ဟီရိုရှီ ကာဆာမက်ဆုဆိုသူဖြစ်ကြောင်း ဂျပန် Aeon ကုမ္မဏီက ပြောသည်။
Aeon ကုမ္မဏီက ၎င်းတို့အနေဖြင့် ဖမ်းဆီးခံရသော ဂျပန်နိုင်ငံသားအတွက် ဒေသဆိုင်ရာအာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်သလို၊ ဂျပန်သံရုံးနှင့်လည်း ပူးပေါင်းဆောင် ရွက်မည်ဖြစ်ကြောင်း ပြောသည်။
မြန်မာအစိုးရက ဂျပန်စီးပွားရေးလုပ်ငန်းမှ တာဝန်ရှိသူအပါအဝင် လူအများအပြားကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း၊ ၎င်းတို့သည် ဆန်ရောင်းချမှုစည်းကမ်းဥပဒေကို ချိုးဖောက်ခြင်းကြောင့် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း တုံ့ပြန်ထားသည်။
မြန်မာအစိုးရက ဂျပန်နိုင်ငံသား ကာဆာမက်ဆု လုပ်ကိုင်နေသည့် Super Market နှင့်အခြား Super Market များသည် အာဏာပိုင်များကသတ်မှတ်ထားသော ဈေးနှုန်းထက်ကျော်လွန်ပြီး ဆန်များကိုရောင်းချနေခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။
ကာဆာမက်ဆုသည် မြန်မာနိုင်ငံရှိ Aeon Orange Co.၏ အမှုဆောင်အရာရှိတစ်ဦးဖြစ်ကာ၊ ၂၀၁၆ ခုနှစ်တွင် မြန်မာနိုင်ငံတွင် ၎င်းတို့ကုမ္မဏီလာရောက်ဖွင့်လှစ်ကာ လုပ်ငန်းများလုပ် ကိုင်နေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင်အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ဆန်ဈေးမြင့်တက်လာခဲ့ပြီး မြန်မာအစိုးရက ဆန်ဈေးထိန်းချုပ်ရန်ကြိုးပမ်းခဲ့ကာ တရားမဝင် ဆန်ဈေးတက်ရောင်းချမှုများကို ဖမ်းဆီးထိန်းသိမ်းနေကြောင်း သိရသည်။
ကောင်းထက်ငွေ
nippon.com/en/news
ဂျပန်နိုင်ငံသား အကြီးတန်းအရာရှိတစ်ဦး ဖမ်းဆီးခံရ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်