မြန်မာနိုင်ငံတွင်နေရပ်စွန့်ခွာနေရသူ ၂ ဒသမ ၈သန်းအထိ မြင့်တက်လာနေပြီး ရန်ပုံငွေ ၇ ရာခိုင်နှုန်းသာရရှိထားဟု ကုလသမဂ္ဂ ဆို

ရန်ကုန်၊ မတ် ၂၅

မြန်မာနိုင်ငံတွင်ဖြစ်ပွားလျက်ရှိနေသည့် လက်နက်ကိုင်ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာနေရသူများကို ကူညီပေးနိုင်ရန်အတွက် ၂၀၂၄ ခုနှစ် လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်နဲ့တုံ့ပြန်မှုအစီအစဉ်အရ လိုအပ်သေည့်ရန်ပုံငွေစုစုပေါင်း၏ ၇ ရာခိုင်နှုန်းသာ လက်ခံရရှိထားကြောင်း ကုလသမဂ္ဂက သတင်းထုတ်ပြန်လိုက်သည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်က အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း လက်နက်ကိုင်ပဋိပက္ခများဖြစ်ပွားလာခဲ့ရာ လက်ရှိအချိန်အထိ နိုင်ငံတဝှမ်းတွင် တိုက်ခိုက်မှုများရှိနေဆဲဖြစ်ကြောင်း သိရသည်။

တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့အပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြား ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်ရမှုများနှင့် လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်တွေ ဆက်လက်ဖြစ်ပေါ်နေဆဲဖြစ်ကြောင်း သိရသည်။

ဖြစ်ပွားလျက်ရှိနေသည့် လက်နက်ကိုင်တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာနေရသူအရေအတွက် တိုးမြှင့်လာနေပြီး လက်ရှိအချိန်အထိ လူပေါင်း ၂ ဒသမ ၈ သန်းကျော် နေရပ်စွန့်ခွာထွက်ပြေးနေရကြောင်း သိရသည်။

ကုလသမဂ္ဂ လူသားချင်းဆိုင်ရာ စာနာမှုအကူအညီပေးရေးအဖွဲ့၏ နောက်ဆုံးထုတ်ပြန်ချက်များအရ နိုင်ငံ၏အနောက်မြောက်ဖက်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နှင့် ကနီမြို့နယ်များမှာ တိုက်ပွဲများပြင်းထန်လာခြင်းကြောင့် လူပေါင်း ၂၄,၀၀၀ ခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်း သိရသည်။

နိုင်ငံအရှေ့တောင်ဖက်တွင်လည်း ရှမ်းပြည်နယ်တောင်ပိုင်းမှ ပင်လောင်းမြို့နယ်တွင် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်နှင့် တပ်မတော်တို့ကြား တိုက်ပွဲများကြောင့် ကျေးရွာ ၁၇ ရွာမှ လူပေါင်း ၁၀,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

အလားတူ အရှေ့တောင်ဖက်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတွင် တိုက်ပွဲများ၊ လေကြောင်းတိုက်ခိုက်မှုများကြောင့် လူပေါင်း ၁၂,၀၀၀ ကျော် နေ့ရပ်စွန့်ခွာထွက်ပြေးခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်တွင် ရက္ခိုင့်လက်နက်ကိုင်အဖွဲ့ နှင့် တပ်မတော်တို့ကြား တိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီး၊ ပြည်နယ်တွင်း ၁၇ မြို့နယ်ထဲက ၁၅ မြို့နယ်အထိ တိုက်ပွဲဒဏ်ခံနေရ ကြောင်း သိရသည်။

ကောင်းထက်ငွေ

reliefweb.int/report

မြန်မာနိုင်ငံတွင်နေရပ်စွန့်ခွာနေရသူ ၂ ဒသမ ၈သန်းအထိ မြင့်တက်လာနေပြီး ရန်ပုံငွေ ၇ ရာခိုင်နှုန်းသာရရှိထားဟု ကုလသမဂ္ဂ ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.