မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေးဝန်ကြီးဌာနကို တရုတ်ဟတ်ကာအဖွဲ့ တိုက်ခိုက်ခဲ့ ဟုဆို

ဘေဂျင်း၊ ဖေဖော်ဝါရီ ၃

တရုတ်နိုင်ငံအခြေစိုက် ဟတ်ကာအဖွဲ့တစ်ဖွဲ့ဖြစ်သော Mustang Panda သည် မြန်မာကာကွယ်ရေးဝန်ကြီးဌာနနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတို့ကို ပစ်မှတ်ထားကာ ဆိုင်ဘာတိုက်ခိုက်မှုများလုပ်ဆောင်ခဲ့ကြောင်း scmagazine သတင်းဌာနက ဖော်ပြထားသည်။

အဆိုပါဟတ်ကာအဖွဲ့ကို Mustang Panda အမည်အပြင် Earth Preta, Camaro Dragon, Bronze President, Stately Taurus အမည်များဖြင့်လည်း လူသိများကြောင်း The Hacker News သတင်းဌာနက ဆိုသည်။

Mustang Panda ဟတ်ကာအဖွဲ့အနေဖြင့် မြန်မာကာကွယ်ရေးဝန်ကြီးဌာနနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတို့ကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာနှင့် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း ဆိုင်ဘာတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ CSIRT-CTI အဖွဲ့၏ ဖော်ပြချက်များကို ကိုးကားပြီး The Hacker News သတင်းဌာနက ဖော်ပြထားခြင်းဖြစ်သည်။

Mustang Panda ၏ ကနဦးတိုက်ခိုက်မှုများထဲတွင် မြန်မာအမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးနှင့်ပတ်သက်ပြီး အီမေးလ်အတုအယောင် ပြုလုပ်တိုက်ခိုက်ခြင်းများလည်းပါဝင်ပြီး၊ PlugX malware ဗိုင်းရပ်စ်ကို ဖြန့်ကြတ်ချထား တိုက်ခိုက်ခြင်းများရှိခဲ့ကြောင်း CSIRT-CTI အဖွဲ့က ဆိုသည်။

အဆိုပါဟတ်ကာအဖွဲ့သည် ပြီးခဲ့သောနှစ် ဖေဖော်ဝါရီလတွင် အာရှတိုက်နှင့် ဥရောပတိုက်ရှိ နိုင်ငံအဖွဲ့စည်းအချို့တို့ကိုလည်း အလားတူ ဆိုင်ဘာတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

CSIRT-CTI က “ မြန်မာနိုင်ငံမြောက်ပိုင်းမှာ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလက တိုက်ပွဲတွေဖြစ်လာခဲ့ပြီးနောက် တရုတ်အစိုးရဟာ တရုတ်-မြန်မာနယ်စပ်ဒေသ လုံခြုံရေးနဲ့ ကုန်သွယ်ရေးလမ်းကြောင်းတွေနဲ့ပတ်သက်ပြီး စိုးရိမ်မှုရှိလာခဲ့တယ်။ Mustang Panda လို့ခေါ်ဆိုတဲ့ Stately Taurus အမည်ရှိ အဖွဲ့စည်းဟာ အရင်တုန်းကလည်း မြန်မာနိုင်ငံကို ဘက်စုံဆိုင်ဘာတိုက်ခိုက်မှုအပါအဝင် တရုတ်အစိုးရဲ့ ပထဝီနိုင်ငံရေး အကျိုးစီးပွားအတွက် ဆိုင်ဘာတိုက်ခိုက်တာတွေ လုပ်ခဲ့ဖူးတယ်။” ဟု ပြောသည်။

ကောင်းထက်ငွေ

thehackernews.com

မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေးဝန်ကြီးဌာနကို တရုတ်ဟတ်ကာအဖွဲ့ တိုက်ခိုက်ခဲ့ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.