မြန်မာနိုင်ငံက အွန်လိုင်းတွင်လိမ်လည်သူ ၄၉,၀၀၀ ကို တရုတ်နိုင်ငံသို့ လွှဲ​ပြောင်း​ပေးအပ်

ရန်ကုန်၊ ​မေ ၂၉

မြန်မာနိုင်ငံတွင် အင်တာနက်လူမှုကွန်ရက်စာမျက်နှာထက်၌ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လမှစတင်ပြီး တရုတ်နိုင်ငံသား အွန်လိုင်းမှလိမ်လည်သူ ပြစ်မှုကျူးလွန်သူ ၄၉,၀၀၀ ကျော်ကို ​တရုတ်နိုင်ငံသို့ လွှဲပြောင်း​ပေးအပ်ခဲ့ကြောင်း တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန (MPS)က မေ ၂၇ ရက်​နေ့စွဲဖြင့် သတင်းထုတ်ပြန်ချက်အရ သိရသည်။

“ အင်တာနက်လူမှုကွန်ရက်ကိုအသုံးချပြီး အွန်လိုင်းလိမ်လည်သူ တရုတ်နိုင်ငံသား ၄၉,၀၀၀ ​ကျော်ကို ဖမ်းဆီးရမိတယ်။ အဲဒီမှုခင်းနဲ့ဆက်စပ်ပြီးတော့ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ဒုစရိုက်အဖွဲ့​တွေကိုလည်း ဖြိုခွင်းနိုင်ခဲ့ပါတယ်။ အဓိကသံသယရှိသူ အမြောက်အမြားကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။” ဟု တရုတ်သံရုံးတာဝန်ရှိသူတစ်ဦးက ယ​နေ့​ခေတ်သို့ ​ပြောသည်။

မြန်မာနိုင်ငံ​တွင် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှစတင်ပြီး ရှမ်းပြည်နယ်(​မြောက်ပိုင်း)တွင် အွန်လိုင်းမှလိမ်လည်မှု အများအပြားဖမ်းဆီးခံရသူများအနက် တရုတ်နိုင်ငံသားများ အများဆုံးပါဝင်ခဲ့ပြီး တရားမဝင်နယ်စပ်ဖြတ်ကျော်ခြင်းနှင့် ဖမ်းဆီးထိန်းသိမ်းခံရခြင်းဖြစ်​ကြောင်း သိရသည်။

မြင့်မြတ်​အောင်မြင်

ဓာတ်ပုံ – တရုတ်သံရုံး

မြန်မာနိုင်ငံက အွန်လိုင်းတွင်လိမ်လည်သူ ၄၉,၀၀၀ ကို တရုတ်နိုင်ငံသို့ လွှဲ​ပြောင်း​ပေးအပ် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.