တိုကျို၊ မတ် ၉
ဂျပန်အစိုးရအနေဖြင့် မြန်မာပြည်သူများအတွက် လူသားချင်းဆိုင်ရာ စာနာမှုအကူအညီအဖြစ် အမေရိကန်ဒေါ်လာ ၃၇ သန်း ထပ်မံကူညီထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်သည်။
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်က အာဏာသိမ်းမှုများဖြစ်လာခဲ့ပြီးနောက်ပိုင်း နိုင်ငံရေးပြသာနာများ ဖြစ်ပွားလာခဲ့ရာ လက်နက်ကိုင်ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာနေရသူ ၂ ဒသမ ၆ သန်းကျော်ရှိနေကြောင်း ကုလသမဂ္ဂက သတင်းထုတ်ပြန်ထားသည်။
ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံတွင် နိုင်ငံရေးပြဿနာများဖြစ်လာခဲ့ပြီးနောက်ပိုင်း နေရပ်စွန့်ခွာသူများအတွက် လူသားချင်းဆိုင်ရာ စာနာမှုအကူအညီအဖြစ် အမေရိကန်ဒေါ်လာ ၁၀၉ ဒသမ ၅ သန်းကူညီထောက်ပံ့ပေးထားပြီဖြစ်ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဖော်ပြထားသည်။
မြန်မာနိုင်ငံရှိ နေရပ်စွန့်ခွာနေရသူများအတွက် လူသားချင်းဆိုင်ရာ စာနာမှုအကူအညီလိုအပ်မှုများကို တုံ့ပြန်နိုင်ရန်အတွက် ဂျပန်အစိုးရက အမေရိကန်ဒေါ်လာ ၃၇ သန်း ထပ်မံကူ ညီပေးမည်ဖြစ်ရာ နစကအစိုးရကို တိုက်ရိုက်ကူညီပေးမည်မဟုတ်ဘဲ၊ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့စည်းမျာဖြစ်သော UNICEF, WFP, UNHCR, ICRC, UN Women တို့အပြင် အာဆီယံ လူသားချင်းဆိုင်ရ ာစာနာမှုအကူအညီပေးရေးအဖွဲ့ AHA Center နှင့် NGOs အဖွဲ့စည်းများမှတဆင့် ကူညီပေးမည်ဖြစ်ကြောင်း သိရသည်။
ဂျပန်နိုင်ငံသည် လူသားချင်းဆိုင်ရာ စာနာမှုအကူအညီလိုအပ်နေသူများအတွက် အဆိုပါအမေရိကန်ဒေါ်လာ ၃၇ သန်းကိုအသုံးပြုပြီး အစားစာ၊ ရေ၊ ဆေးဝါး၊ ပညာရေးဆိုင်ရာ အကူညီများပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဂျပန်အစိုးရအနေဖြင့် လူသားချင်းဆိုင်ရာ စာနာမှုအကူအညီလိုအပ်နေသူများအတွက် အကူညီများဆက်လက်ပေးပို့နိုင်ရန်နှင့် လူသားချင်းဆိုင်ရာ အကူအညီပေးမှုများကို အတား ဆီးမရှိကူညီခွင့်ပြုရန် ထပ်မံတိုက်တွန်းတောင်းဆိုထားကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ကလေးငယ် ၆ သန်းအပါအဝင်၊ လူပေါင်း ၁၈ ဒသမ ၆ သန်းခန့် လူသားချင်းဆိုင်ရာ စာနာမှုအကူအညီများ လိုအပ်နေကြောင်း၊ ပြီးခဲ့သောနှစ် ဒီဇင်ဘာလတွင် ကုလသမဂ္ဂက သတင်းထုတ်ပြန်ထားသည်။
ကောင်းထက်ငွေ
mofa.go.jp
မြန်မာနိုင်ငံကို လူသားချင်းဆိုင်ရာစာနာမှုအကူအညီအဖြစ် အမေရိကန်ဒေါ်လာ ၃၇သန်းကူညီပေးမည်ဟု ဂျပန်အစိုးရ ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်