မြန်မာနယ်စပ်ရှိ ကျားဖြန့်လုပ်ငန်းများတွင် ပါဝင်ခဲ့သည့် အင်ဒိုနီးရှားနိုင်ငံသား ၈၄ ဦး နေရပ်သို့ပြန်ရောက်

ဂျာကာတာ၊ မတ် ၁

အင်ဒိုနီးရှားနိုင်ငံသား ၈၄ ဦးသည် ထိုင်းနိုင်ငံမှ လေယာဉ်နှစ်စင်းဖြင့် နေရပ်သို့ပြန်ရောက်ခဲ့ကြကြောင်း အင်ဒိုနီးရှားတာဝန်ရှိသူများက စနေနေ့ (မတ် ၁ ရက်) တွင် ပြောကြားသည်။ ၎င်းတို့သည် မြန်မာနယ်စပ်မှ ကျားဖြန့်လုပ်ငန်းများတွင် ပါဝင်ခဲ့သူများဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ တရားဥပဒေစိုးမိုးမှုအားနည်းသည့် နယ်စပ်ဒေသများတွင် မြင့်မားသည့်လုပ်ခလစာပေးမည်ဟု ကတိပြုကာ နိုင်ငံခြားအလုပ်သမားများကို ဓားစာခံအဖြစ်ဖမ်းဆီးထားခဲ့ပြီး တရားမဝင်အွန်လိုင်းလိမ်လည်မှု(ကျားဖြန့်)လုပ်ငန်းများတွင် စေခိုင်းခဲ့သည်။

မြန်မာနိုင်ငံသည် အိမ်နီးခြင်းတရုတ်နိုင်ငံ၏ဖိအားပေးမှုကြောင့် နိုင်ငံပေါင်းနှစ်ဒါဇင်ကျော်မှ အလုပ်သမား ၇,၀၀၀ ခန့်ကို လွှတ်ပေးခဲ့ပြီး စက်ရုံအချို့ကို နှိမ်နင်းခဲ့သည်။

အင်ဒိုနီးရှားအရာရှိများ၊ ထိုင်းနှင့် မြန်မာအရာရှိများ ညှိနှိုင်းမှုအပြီးတွင် အင်ဒိုနီးရှားအမျိုးသား ၆၉ ဦးနှင့် အမျိုးသမီး ၁၅ ဦးတို့သည် ဂျကာတာမြို့သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ နိုင်ငံသားအကာအကွယ်ပေးရေး ဒါရိုက်တာ Judha Nugraha က AFP သတင်းဌာနကို စနေနေ့တွင် ပြောကြားခဲ့သည်။

Ref: Channel News Asia

#ယနေ့ခေတ်

မြန်မာနယ်စပ်ရှိ ကျားဖြန့်လုပ်ငန်းများတွင် ပါဝင်ခဲ့သည့် အင်ဒိုနီးရှားနိုင်ငံသား ၈၄ ဦး နေရပ်သို့ပြန်ရောက် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.