ကွာလာလမ်ပူ၊ ဧပြီ ၂၀
အာဆီယံနိုင်ငံခြားရေးဝန်ကြီးများသည် မြန်မာနိုင်ငံတွင်ဖြစ်ပွားလျက်ရှိနေသည့် အကြမ်းဖက်တိုက်ခိုက်မှုများကိုအဆုံးသတ်ရန် ဧပြီ ၁၉ ရက်နေ့က တိုက်တွန်းလိုက်ကြောင်း သိရ သည်။
အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ ဧပြီ ၁၉ ရက်နေ့တွင်ထုတ်ပြန်ခဲ့သော ထုတ်ပြန်ချက်ထဲတွင် မြန်မာနိုင်ငံရေးအခက်ခဲတွင်ပါဝင်နေသော လက်နက်ကိုင်အဖွဲ့စည်းအားလုံးအား အကြမ်းဖက်မှုများလျော့ချရန်နှင့် နယ်စပ်ဒေသများတွင် တိုက်ပွဲများမဖြစ်စေရန် သည်းခံချုပ်တည်းရန် တိုက်တွန်းတောင်းဆိုခဲ့ကြောင်း သိရသည်။
ထိုင်းနှင့်နယ်စပ်ချင်းထိစပ်နေသော မြဝတီမြို့အပြင် ဘင်္ဂလားဒေရှ့်နိုင်ငံနှင့် နယ်စပ်ချင်းထိစပ်နေသော ရခိုင်ပြည်နယ်တွင် မကြာသေးမီက တိုက်ပွဲများအရှိန်မြင့်ဖြစ်ပွားလာခဲ့ပြီးနောက် အာဆီယံအဖွဲ့က တိုက်တွန်းတောင်းဆိုလာခြင်းဖြစ်သည်။
အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက ပဋိပက္ခအရှိန်မြင့်တက်လာခြင်းများကြောင့် လူသားချင်းဆိုင်ရာ စာနာမှုအကူအညီလိုအပ်မည့်အရေအတွက် မြင့်တက်လာမည့်အခြေနေကိုရှောင်ရှားရန် တိုက်တွန်းထားသည်။
ထိုအပြင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက အရပ်သားများကို ဘေးကင်းစေရန်၊ အရပ်သားများကို ကာကွယ်ပေးရန်နှင့် တင်းမာမှုအရှိန်မြင့်တက်နေခြင်းကို လျော့ချနိုင်ရန်အ တွက် လိုအပ်သောအစီအမံများလုပ်ဆောင်ရန်၊ နိုင်ငံတကာလူသားချင်းဆိုင်ရာ စာနာမှုအကူအညီပေးရေး စည်းကမ်းများကိုလိုက်နာရန် သက်ဆိုင်ရာအဖွဲ့စည်းအားလုံးကို တိုက် တွန်းတောင်းဆိုထားကြောင်း သိရသည်။
ထိုအပြင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက လူသားချင်းဆိုင်ရာ စာနာမှုအကူအညီလိုအပ်နေသူများကို အကူညီများပေးနိုင်ရန်နှင့် အချိန်မီပေးပို့နိုင်ရန် ကောင်းမွန်သည့်ပတ်ဝန်း ကျင်များဖန်တီးပေးရန် တောင်းဆိုထားသည်။
မြန်မာနိုင်ငံရှိ လူသားချင်းဆိုင်ရ ာစာနာမှုအကူအညီလိုအပ်နေသူများကို အကူညီပေးရန်အတွက် ထိုင်းနိုင်ငံကဦးဆောင်ပြီး အာဆီယံ(AHA Centre)အဖွဲ့က ပူးပေါင်းဆောင်ရွက်မည့်အစီအစဉ်ကို အားပေးထောက်ခံကြောင်း သတင်းထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံတွင် ပြီးပြည့်စုံသော နိုင်ငံရေးအဖြေရယူရန်၊ ရှေရှည်တည်တံ့မည် ငြိမ်းချမ်းရေးရယူနိုင်ရန် ရည်ရွယ်ချက်ဖြင့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲများ၊ တိုးမြှင့်ဆောင်ရွက်ရန်နှင့်လူသားချင်းဆိုင်ရာ စာနာမှုအကူအညီပေးမည့်အစီစဉ်များကို ကူညီဆောင်ရွက်ပေးရန် သက်ဆိုင်ရာအဖွဲ့စည်းအားလုံးကို အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက တိုက်တွန်းတောင်းဆိုထားသည်။
ကောင်းထက်ငွေ
vietnamplus.vn
မြန်မာနယ်စပ်ဒေသတွင်ဖြစ်ပွားနေသည့် တိုက်ပွဲများနှင့်အကြမ်းဖက်မှုများ ရပ်တန့်ရန် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ တိုက်တွန်း အတွက် မှတ်ချက်များ 0 ခုရှိပါတယ်