ဒက္ကာ၊ ဧပြီ ၁၈
ရခိုင်ပြည်နယ်တွင်ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် မြန်မာနယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် ၄၇ ဦးသည် ဧပြီ ၁၇ ရက်နေ့တွင် ဘင်္ဂလားဒေရှ့်နိုင်ငံဘက်ခြမ်းသို့ ဆုတ်ခွာလာခဲ့ကြောင်း ဘင်္ဂလားဒေရှ့်အာဏာပိုင်များက ပြောသည်။
ဘင်္ဂလားဒေရှ့်နှင့် နယ်စပ်ချင်းထိစပ်နေသော ရခိုင်ပြည်နယ်တွင် နစကတပ်နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ကြား တိုက်ပွဲများဖြစ်လာခဲ့ပြီးနောက် မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်များ ဘင်္ဂ လားဒေရှ့်နိုင်ငံဘက်ခြမ်းသို့ ဆုတ်ခွာခြင်းများရှိခဲ့ကြောင်း သိရသည်။
ဘင်္ဂလားဒေရှ့် နယ်ခြားစောင့်တပ်ဖွဲ့ (BGB)၏ ပြည်သူဆက်ဆံရေးအရာရှိတစ်ဦးဖြစ်သူ ရှာရီဖူ အစ္စလမ်က ဘင်္ဂလားဒေရှ့်နိုင်ငံဘက်ခြမ်းသို့ ဆုတ်ခွာခဲ့သော မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်ဦးရေ ၂၆၁ ဦးအထိရှိနေကြောင်း ပြောသည်။
ပြီးခဲ့သော ဖေဖော်ဝါရီလအတွင်း လူဝင်မှုကြီးကြပ်ရေးတာဝန်ရှိသူများ၊ မြန်မာနယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များအပါအဝင် မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင် ၃၃၀ ဦးသည် ဘင်္ဂလားဒေ့ရှ့်နိုင်ငံဘက်ခြမ်းသို့ ဆုတ်ခွာခဲ့ရကြောင်း သိရသည်။
ဖေဖော်ဝါရီ ၁၅ ရက်နေ့တွင် ဘင်္ဂလားဒေရှ့်အာဏာပိုင်များသည် ၎င်းတို့နိုင်ငံအတွင်း ရောက်ရှိနေသည့် မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင် ၃၃၀ ဦးကို မြန်မာအာဏာပိုင်များထံ ပြန်လည်လွှဲပြောင်းပေးခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် လုံခြုံရေးတပ်သားများ၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များသည် အိမ်နီးချင်းနိုင်ငံများဖြစ်သော ဘင်္ဂလားဒေရှ့်၊ ထိုင်းနှင့် အိန္ဒိယနိုင်ငံဘက်ခြမ်းသို့ ဆုတ်ခွာခြင်းများရှိခဲ့ကြောင်း သိရသည်။
ကောင်းထက်ငွေ
businesspostbd.com
မြန်မာနယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် ၄၇ ဦး ဘင်္ဂလားဒေရှ့်နိုင်ငံဘက်ခြမ်းသို့ ဆုတ်ခွာ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်