မြန်မာဒီမိုကရေစီအသွင်ကူးပြောင်းရေးကို ဆက်လက်ကူညီထောက်ပံ့ပေးမည်ဟု အိန္ဒိယသံတမန် ဆို

ဂျီနီဗာ၊ ဇွန် ၂၀

အိန္ဒိယနိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင် အားလုံးပါဝင်သော ဒီမိုကရေစီအသွင်ကူပြောင်းရေး ပြန်လည်ဖြစ်လာစေရန်အတွက် ကူညီထောက်ပံ့ပေးမှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ အိန္ဒိယသံတမန်တစ်ဦးဖြစ်သော Kshitij Tyagi က ဂျနီဗာမြိုတွင်ကျင်းပသော လူအခွင့်ရေးကောင်စီစည်းအဝေးအတွင်း ထုတ်ဖော်ပြောဆိုခဲ့ကြောင်း သိရသည်။

အိန္ဒိယအစိုးရသည် မြန်မာအရေးကို ဖြေရှင်းရန်ကြိုးပမ်းနေသော အာဆီယံအဖွဲဦးဆောင်မှုများနှင့် အာဆီယံသဘောတူညီချက်ငါးချက်ကို ထောက်ခံကြောင်း ၎င်းကထပ်မံပြောဆိုခဲ့သည်။

အိန္ဒိယသံတမန်က “ အိန္ဒိယနိုင်ငံဟာ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံဖြစ်သလို မိတ်ဆွေသူငယ်ချင်းနိုင်ငံဖြစ်တဲ့အတွက် မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ တိုက်ခိုက်မှုအားလုံးကို ချက်ချင်းရပ်တန့်ဖို သက်ဆိုင်ရာအဖွဲစည်းအားလုံးကို တိုက်တွန်းတောင်းဆိုပါတယ်။ ဒါ့အပြင် အပြုသဘောဆောင်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေလုပ်ဆောင်ပြီး အငြင်းပွားမှုတွေကိုအဖြေရှာဖို၊ လူသားချင်းဆိုင်ရာ စာနာမှုအကူအညီပေးဖိုနဲ့ ဖမ်းဆီးထိန်းသိမ်းထားသူတွေကို ပြန်လွှတ်ပေးဖို့လည်း တောင်းဆိုပါတယ်။” ဟု ပြောသည်။

ကုလသမဂ္ဂဆိုင်ရာ အိန္ဒိယသံတမန်က မြန်မာအရေးကိုဖြေရှင်းရာတွင်လည်း မြန်မာနိုင်ငံကိုယ်တိုင်ဦးဆောင်ပြီး မြန်မာကိုယ်ပိုင်ဖြစ်စေမည့် ငြိမ်းချမ်းရေးအဖြေမျိုးဖြစ်ရန်လိုအပ်ကြောင်း ထပ်မံပြောဆိုခဲ့သည်။

အိန္ဒိယသံတမန်က “ အိန္ဒိယနိုင်ငံဟာ မြန်မာနိုင်ငံဖွံဖြိုးတိုးတက်ဖို၊ တည်ငြိမ်ဖိုနဲ့ ငြိမ်းချမ်းရေးရရှိစေဖို အမြဲတမ်းဦးစားပေးလုပ်ဆောင်ခဲ့တယ်။ မြန်မာနိုင်ငံမှာ ဖက်ဒရယ်စနစ်၊ ဖွဲစည်းပုံအခြေခံဥပဒေဆိုင်ရာ ကိစ္စတွေအပါအဝင် ဒီမိုကရေစီစနစ် အလေ့ထတွေတည်ဆောက်ဖို၊ ပြည်သူတွေနဲ့ဆက်နွယ်တဲ့ စီမံကိန်းများအပြင် လူသားချင်းဆိုင်ရာ စာနာမှုအကူအညီတွေပေးနိုင်ဖို စုပေါင်းကြိုးပမ်းနေခဲ့ပါတယ်။” ဟု ပြောသည်။

ကောင်းထက်ငွေ

socialnews.xyz

မြန်မာဒီမိုကရေစီအသွင်ကူးပြောင်းရေးကို ဆက်လက်ကူညီထောက်ပံ့ပေးမည်ဟု အိန္ဒိယသံတမန် ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.