မြန်မာဆက်သွယ်ရေးလုပ်ငန်းတွင် ပါဝင်လုပ်ကိုင်နေသည့် ဂျပန်ကုမ္မဏီနှစ်ခု အရှုံးပေါ် ဟုဆို

ရန်ကုန်၊ ဧပြီ ၁၃

ဂျပန်နိုင်ငံအခြေစိုက် KDDI ကုမ္မဏီသည် မြန်မာနိုင်ငံ၏ဆက်သွယ်ရေးတာဝါလုပ်ငန်းတွင် ပါဝင်လုပ်ကိုင်နေရာ မတ်လ ၃၁ ရက်နေ့တွင် အဆုံးသတ်ခဲ့သော ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံရှိ ၎င်းတို့လုပ်ငန်းခွဲကုမ္မဏီက ဂျပန်ယမ်း ၁၀၅ ဘီလျံအရှုံးပေါ်ခဲ့ကြောင်း သိရသည်။

၂၀၂၂ ခုနှစ်ဧပြီလတွင် စတင်သတ်မှတ်ခဲ့သော မြန်မာနိုင်ငံဗဟိုဘဏ်၏ နိုင်ငံခြားငွေကြေးကန့်သတ်သော စည်းမျဉ်းအသစ်များကြောင့် အရှုံးပေါ်ခြင်းများဖြစ်လာခဲ့ပြီး ငွေကြေးစုဆောင်းချေငှားခြင်းများလည်း နှောင့်နေးခဲ့ရကြောင်း ပြောသည်။

KDDI သည် ပြီးခဲ့သော ၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံပိုင် MPT ဆက်သွယ်ရေးလုပ်ငန်းနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်နေသည့် ဂျပန်နိုင်ငံအခြေစိုက် Sumitomo နှင့်အတူ မြန်မာဆက်သွယ်ရေးလုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံ့မှုများ စတင်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ဂျပန်နိုင်ငံအခြေစိုက် KDDI သည် မြန်မာနိုင်ငံတွင် ၎င်းတို့၏လုပ်ငန်းခွဲတစ်ခုဖြစ်သော (KSGM) ကုမ္မဏီကို တည်ထောင်လုပ်ကိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

KDDI ကုမ္မဏီက မြန်မာနိုင်ငံတွင် အမေရိကန်ဒေါ်လာနှင့်ပတ်သက်ပြီး ငွေကြေးလက်ခံရရှိမှုများကို ကန့်သတ်ခြင်းများရှိနေကြောင်း၊ အဆိုပါကန့်သတ်ချက်များက ၎င်းတို့လုပ်ငန်းလုပ်ကိုင်မှုများအပေါ် သက်ရောက်မှုများရှိလာခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့ဖူးသည်။

KDDI ကုမ္မဏီသည် မြန်မာနိုင်ငံရှိ ၎င်းတို့လုပ်ငန်းခွဲ၏အနာဂတ်နှင့်ပတ်သက်ပြီး အသေးစိတ်သတင်းထုတ်ပြန်ခြင်းမရှိသေးကြောင်း သိရသည်။

KDDI ကုမ္မဏီ၏လက်အောက်ခံကုမ္မဏီဖြစ်သော (KSGM)ကုမ္မဏီက မြန်မာဆက်သွယ်ရေးလုပ်ငန်းနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်လုပ်ကိုင်သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် လုပ်ငန်းများလုပ်ကိုင်နေခြင်းက မြန်မာပြည်သူများကို ကူညီထောက်ပံ့ပေးရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ပြီးခဲ့သောဇန်နဝါရီလအတွင်းက သတင်းထုတ်ပြန်ခဲ့သည်။

ထိုအပြင် Sumitomo ကုမ္မဏီကလည်း မြန်မာဆက်သွယ်ရေးလုပ်ငန်းတွင် ပါဝင်လုပ်ကိုင်ရာတွင် ပြီးခဲ့သောဘဏ္ဍနှစ်အတွင်း အရှုံးပေါ်ခဲ့ကြောင်း ဂျပန်သတင်းများတွင် ဖော်ပြထားသည်။

ကောင်းထက်ငွေ

mobileworldlive.com

မြန်မာဆက်သွယ်ရေးလုပ်ငန်းတွင် ပါဝင်လုပ်ကိုင်နေသည့် ဂျပန်ကုမ္မဏီနှစ်ခု အရှုံးပေါ် ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.