မြစ်ကြီးနားတွင် နေရာအချို့ရေကြီးမှုများဖြစ်ပေါ်၊ အိမ်ခြေ ၁၀၀ ကျော် ပြောင်းရွေ့နေရ ဟုဆို

ရန်ကုန်၊ ဇွန် ၃၀

ကချင်ပြည်နယ်၊ မြစ်နားမြို့အတွင်းရှိ ကျေးရွာအချို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အိမ်ခြေ ၁၀၀ ကျော်ခန့်၊ ရေဘေးလွတ်ရာသို့ ပြောင်းရွှေ့နေရကြောင်း ‌ဒေသခံလူမှုကူညီရေးအသင်းမှ သိရသည်။

ယမန်နေ့ နံနက်ပိုင်းက၊ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အတွင်းရှိ၊ ကျေးရွာနှင့် ရပ်ကွက်အချို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးမှုများဖြစ်ပေါ်ပြီး၊ နေအိမ် ၁၀၀ ကျော်နှင့်၊ လူဦးရေ ၂၀၀ နီးပါး ရေဘေးလွတ်ရာသို့ ပြောင်းရွှေ့နေထိုင်ရကြောင်း သိရသည်။

“ကျွန်တော်တို့အဖွဲ့ တွေပဲ တွေ့ရသလောက်တော့ အိမ်ခြေ ၁၀၀ ကျော်လောက်တော့ရှိမယ်။ ဒီဘက်က နေရာနည်းနည်းလည်းကျဲတာကြောင့်။ လူဦးရေက ၁၀၀ကျော် ၂၀၀ နီးပါလောက်ရှိမယ်။ လောလောဆယ်က ကုန်းမြင့်ပေါ်တွေကိုပဲ တင်နေတုန်း။ ရေကလည်း လူတစ်ရပ်စာလောတော့ရှိပြီ တက်လာတာ။ အခုထိပြောင်းရွှေ့တာ မပြီးသေဘူးပေါ့နော်။ အတိကျပြောလို့တော့ မရသေးဘူးပေါ့။” ဟု ဒေသခံလူမှုကူညီရေးအသင်းက ယနေ့ခေတ်သို့ ပြောသည်။

Screenshot

ကချင်ပြည်နယ်၊ မြစ်ကီုးနားမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင်း ဧရာဝတီကရုဏာ အခမဲ့လူမှုကူညီရေးအသင်းနှင့် နယ်မြေခံမီးသတ်တပ်ဖွဲ့များက ဒေသခံများကို ရေဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးနေကြောင်း သိရသည်။

ပြီးခဲ့သည့် မေလ ၃၀ ရက်ကလည်း ကချင်ပြည်နယ်၊ မြစ်နားမြို့အတွင်းရှိ ကျေးရွာအချို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဒေသခံ ၃၀၀ ကျော်ခန့် ရေဘေးလွတ်ရာသို့ပြောင်းရွှေ့ခဲ့ရကြောင်း ‌သိရသည်။

ကချင်ပြည်နယ်၊ ချီဖွေကျေးရွာဘက်တွင် မိုသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုမှုများဖြစ်ပေါ်ပြီး၊ လူနေအိမ်အချို့ ပြိုကျပျက်စီမှုများခဲ့ပြီး၊ ဒေသခံများ ဘေးလွတ်ရာသို့ ပြောင်း‌ ရွှေ့နေထိုင်ခဲ့ရကြောင်း သိရသည်။

ချစ်ချစ်ခိုင်

ဓာတ်ပုံ-ဧရာဝတီကရုဏာ အခမဲ့ လူမှုကူညီရေးအသင်း(မြစ်ကြီးနား)

ယနေ့ခေတ်

ယနေ့ခေတ်

မြစ်ကြီးနားတွင် နေရာအချို့ရေကြီးမှုများဖြစ်ပေါ်၊ အိမ်ခြေ ၁၀၀ ကျော် ပြောင်းရွေ့နေရ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.