မြင်းခြံမြို့နယ်မှ ကျေးရွာအုပ်ချုပ်ရေးမှူး နေအိမ်၌ သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံး

မြင်းခြံ၊ စက်တင်ဘာ ၁၁

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်၊ ဂျူပ္ပင်ကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး အမျိုးသားသည် နေအိမ်တွင်သေနတ်ဖြင့် ပစ်ခတ်ခံရခြင်းကြောင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။

ယမန်နေ့ စက်တင်ဘာ ၁၀ ရက်၊ ညနေ ၅ နာရီကျော်က ဂျူပ္ပင်ကျေးရွာ၊ ကျေး ရွာအုပ်ချုပ်ရေးမှူး ဦးဝင်းလှိုင်သည် နေအိမ်အတွင်းရှိနေချိန် သေနတ်သမားများက လာရောက်ပစ် ခတ်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သေနတ်ဖြင့်ပစ်ခတ်ခံရသည့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းလှိုင်သည် အသက် ၄၉ နှစ်အရွယ်ဖြစ်ပြီး ဦးခေါင်း၊ ရင်ဘတ်၊ ဝမ်းဗိုက်၊ ကျောပြင်စသည့်နေရာများတွင် ကျည်ဖောက် ဝင်ဒဏ်ရာများရရှိပြီး နေရာတွင်ပင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

“ မနေ့က ညနေလောက်မှာ ပစ်ခတ်ခံရတာ။ အစကတော့ ဒဏ်ရာရသွားတယ်လို့ပဲ သိရတာ။ ညနေကျတော့မှ တစ်ခါတည်း ဆုံးသွားတာတဲ့။ သူက နစကလက်ထက်မှာ နောက်ဆုံး တင်ထားတဲ့ အုပ်ကြီးအသစ်ပါ။ လိုအပ်တာတွေ စစ်ဆေးနေတယ်။” ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးကပြောသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရ၍ သေဆုံးခဲ့သည့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းလှိုင်သည် ကြံ့ခိုင်ရေးပါတီ၊ ရပ်/ကျေးဥက္ကဋ္ဌတစ်ဦးဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ ပစ်ခတ်မှုအပြီးတွင် လုံခြုံရေးများရောက်လာပြီး ပစ်ခတ်မှုပွားသည့်နေရာအနီး နေအိမ်များမှ ဒေသခံများကို လိုက်လံစစ်ဆေးမေးမြန်းကာ ရုပ်အလောင်းအား သယ်ယူ သွားကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၅ ရက်ကလည်း မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ပျားကျေးရွာမှ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျေးရွာစာရေး ဦးသန်းကြိုင်ဆိုသူ သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ်ခံခဲ့ရသေးကြောင်း သိရသည်။

ဝဏ္ဏ

#ယနေ့ခေတ်

Photo-CJ

မြင်းခြံမြို့နယ်မှ ကျေးရွာအုပ်ချုပ်ရေးမှူး နေအိမ်၌ သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.