မြင့်တက်နေသည့်ရွှေဈေးနှုန်းကြောင့် ရွှေလုပ်ငန်းရှင်အချို့ ခေါ်ယူစစ်ဆေးခံနေရ ဟုဆို

ရန်ကုန်၊ မတ် ၁၀

ဈေးကွက်အတွင်း စံချိန်တင်မြင့်တက်နေသည့် ရွှေဈေးနှုန်းကြောင့် ရွှေလုပ်ငန်းရှင်အချို့ ခေါ်ယူစစ်ဆေးခံနေရကြောင်း စုံစမ်းသိရှိရသည်။

မတ်လ ၇ ရက်တွင် ဈေးကွက်အတွင်း ရွှေစျေး၊ ငွေဈေးကစားပြီး စျေးနှုန်းမတည်မငြိမ်ဖြစ်အောင် ဆောင်ရွက်သူများကို ဥပဒေနှင့်အညီအရေးယူသွားမည်ဟု ဗဟိုဘဏ်က သတိ ပေးထားသော်လည်း ရွှေဈေးနှုန်းသည် ဆက်လက်မြင့်တက်နေခြင်းဖြစ်သည်။

“ ရွှေလုပ်ငန်းရှင်အချို့ ခေါ်ယူစစ်ဆေးတာတွေရှိတယ်။ အဓိက ရွှေဈေးတတ်လို့။ ဈေးကစားတာဘာညာရှိလားဆိုပြီး ခေါ်စစ်ဆေးတာဖြစ်လိမ့်မယ်။ သူတို့က ရွှေဈေးတတ်တိုင်း လုပ်ငန်းရှင်တွေကိုခေါ်ပြီးစစ်ဆေးတာ။ တချို့ဆို ရှောင်နေကြတာတွေရှိတယ်။” ဟု ရွှေလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ကမ္ဘာ့ရွှေစျေး မြင့်တက်လာပြီး ပြည်တွင်းရွှေစျေးသည်လည်း မြင့်တက်လာကာ မတ်လ ၆ ရက်တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ်သိန်း ၄၀ ကျော်အထိ ရောက်ရှိခဲ့ခြင်းဖြစ်သည်။

ကမ္ဘာ့ရွှေစျေးသည် ယခုရက်ပိုင်းအတွင်း စံချိန်တင်မြင့်တက်လျက်ရှိပြီး မတ်လ ၁ ရက်နေ့တွင် ရွှေတစ်အောင်စလျှင် ၂၀၃၆ ဒေါ်လာသာရှိရာမှ တရှိန်ထိုးမြင့်တက်ခဲ့ပြီးနောက် မတ်လ ၇ ရက်နေ့တွင် ရွှေတစ်အောင်စ ၂၁၇၉ ဒေါ်လာသို့ ရောက်ရှိခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖေါ်ဝါရီလ အစပိုင်းတွင် တစ်ကျပ်သား ၃၈ သိန်းကျော်သာရှိခဲ့ရာမှ ၃၉ သိန်းအထက် တဖြေးဖြေးမြင့်တက်လာပြီး ဈေးကွက်အတွင်း၌ တစ်ကျပ်သား သိန်း ၄၀ ကျော်အထိ မြင့်တက်လာခြင်းဖြစ်သည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းသို့ ဆက်သွယ်မေးမြန်းရာတွင် ဖုန်းဆက်သွယ်မှုမရရှိခဲ့ပါ။

စုစု

ဓာတ်ပုံ – CJ

မြင့်တက်နေသည့်ရွှေဈေးနှုန်းကြောင့် ရွှေလုပ်ငန်းရှင်အချို့ ခေါ်ယူစစ်ဆေးခံနေရ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.