မဲဆောက်မြို့သို့လာရောက်မည့် ထိုင်းဝန်ကြီးချုပ်၏ ခရီးစဉ်ဖျက်သိမ်း

ဘန်ကောက်၊ ဧပြီ ၂၄

ထိုင်းနိုင်ငံနှင့်နယ်စပ်ချင်းထိစပ်နေသော မြန်မာနိုင်ငံ၊ မြဝတီမြို့တွင်ဖြစ်ပွားခဲ့သော တိုက်ပွဲအခြေနေများကို လေ့လာသုံးသပ်နိုင်ရန်အတွက် မဲဆောက်မြို့သို့လာရောက်မည့်ခရီးစဉ်ကို ထိုင်းဝန်ကြီးချုပ် ဆာရက်သာတာဗီဆင်က ဖျက်သိမ်းလိုက်ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထားသည်။

ထိုင်းဝန်ကြီးချုပ်သည် ဧပြီ ၂၄ ရက်နေ့တွင် မဲဆောက်မြို့သို့သွားရောက်ရန် စီစဉ်ခဲ့သော်လည်း လက်ရှိအချိန်တွင် ယင်းအစီအစဉ်ကို ဖျက်သိမ်းခဲ့ကြောင်း ထိုင်းဒုတိယဝန်ကြီးချုပ် Prommin Lertsuridej က အတည်ပြုပြောဆိုထားသည်။

ထိုင်းဝန်ကြီးချုပ်သည် မဲဆောက်မြို့သို့ လာရောက်မည့်ခရီးစဉ်ကို မည့်သည့်အတွက်ကြောင့် ဖျက်သိမ်းရသည်ဆိုသောအချက်ကို သတင်းထုတ်ပြန်ခြင်းမရှိသေးကြောင်း သိရ သည်။

ထိုင်းဒုတိယဝန်ကြီးချုပ်က “ ထိုင်းဝန်ကြီးချုပ်ဟာ နယ်စပ်ဒေသအခြေနေတွေ နဲ့ မြန်မာနိုင်ငံရဲ့တိုက်ပွဲအခြေနေတွေကို လေ့လာစုံစမ်းဖို့ မဲဆောက်မြို့ကို သွားရောက်မှာမဟုတ်တော့ဘူး။ မဲဆောက်မြို့ကိုသွားရောက်ဖို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ ထိုင်းပြည်ထဲရေးဝန်ကြီးတို့ကို တာဝန်ပေးလိုက်တယ်။” ဟု ပြောသည်။

မြဝတီမြို့သည် ထိုင်းနှင့်မြန်မာနိုင်ငံကြား ကုန်သွယ်မှုများအတွက် အဓိကအရေးပါသောမြို့ဖြစ်နေပြီး၊ ပြီးခဲ့သောရက်ပိုင်းတွင် တိုက်ပွဲများဖြစ်လာခဲ့ရာ မြန်မာနိုင်ငံသားများ နေရပ်စွန့်ခွာပြီး ထိုင်းနိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးခြင်းများရှိခဲသည်။ သို့သော်လည်း လက်ရှိအချိန်တွင် ထိုင်းနိုင်ငံဘက်ခြမ်းသို့ရောက်ရှိနေသော မြန်မာနိုင်ငံသားအချို့ မိခင်နိုင်ငံသို့ ပြန်သွားခဲ့ကြောင်း သိရသည်။

ကောင်းထက်ငွေ

thaipbsworld.com

မဲဆောက်မြို့သို့လာရောက်မည့် ထိုင်းဝန်ကြီးချုပ်၏ ခရီးစဉ်ဖျက်သိမ်း အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.