မော်လမြိုင်မြို့တွင် ယာဥ်သုံးစီးဆင့်တိုက် လူတစ်ဦး​သေဆုံး ၁၁ ဦးဒဏ်ရာရ

ရန်ကုန်၊ ဇန်နဝါရီ ၂၂

မော်လမြိုင်တွင် ယာဥ်သုံးစီးဆင့်တိုက်မှု​ကြောင့် လူတစ်ဦးသေဆုံးပြီး၊ ၁၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့​ကြောင်း ​မော်လမြိုင် Rescue အ​ရေး​ပေါ် လူမှုကယ်ဆယ်​ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ယ​နေ့​ခေတ်သို့ ​ပြောသည်။

မွန်ပြည်နယ်၊ မော်လမြိုင်နယ်၊ ကျိုက္ခမီလမ်းမကြီး၊ ​ဂွေးကုန်းရပ်၊ မစရ ၅ အနီးတွင် ဇန်နဝါရီ ၂၁ ရက်၊ ည ၉ နာရီက မော်လမြိုင်ဘက်မောင်းနှင်လာသော Probox ယာဉ်တစ်စီးသည် အလားတူမောင်းနှင်လာသော ဘုရားပွဲသွားမည့် သုံးဘီးဆိုင်ကယ်တစ်စီးနှင့် ဆိုင်ကယ်တစ်စီးတို့နှင့် ယာဥ်သုံးစီးဆင့်တိုက်မှု​ကြောင့် လူတစ်ဦးသေဆုံးပြီး၊ ၁၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့​ကြောင်း ​မော်လမြိုင် Rescue အ​ရေး​ပေါ် လူမှုကယ်ဆယ်​ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ယ​နေ့​ခေတ်သို့ ​ပြောသည်။

“ သုံးဘီးဆိုင်ကယ်၊ ကားနဲ့ ဆိုင်ကယ်တစ်စီးတို့ သုံးစီးဆင့်တိုက်မှုကြောင့် လူတစ်ဦးသေဆုံးပြီး၊ ၁၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ဒဏ်ရာရလူနာကို မော်လမြိုင် Rescue အရေး ပေါ်လူမှုကယ်ဆယ်ရေးအဖွဲ့က မော်လမြိုင်ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်။ ဆေးရုံကြီး OPD အရောက် အမျိုးသမီးတစ်ဦးသေဆုံးသွားပါတယ်။ ရွှေနတ်တောင် လူမူကယ်ဆယ် ရေးအဖွဲ့မှ ဆေးရုံကြီးရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့တယ်။” ဟု မော်လမြိုင် Rescue အ​ရေး​ပေါ် လူမှုကယ်ဆယ်​ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ယ​နေ့​ခေတ်သို့ ​ပြောသည်။

အဆိုပါ ယာဉ်မတော်တဆမှုတွင် ကလးငယ်ခြောက်ဦးနှင့် လူကြီးခြောက်ဦး၊ စုစုပေါင်း ၁၂ ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး၊ ဒဏ်ရာရရှိသူများအား မော်လမြိုင် Rescue လူမူကယ် ဆယ်ရေးအဖွဲ့၊ ဘိုဘို၀င်းအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့၊ ရွှေနတ်တောင် အရေးပေါ်လူမှုကယ်ဆယ်ရေးအဖွဲ့၊ မိုးစေတနာပရဟိအသင်း(မော်လမြိုင်)၊ မုဒုံလူငယ် ပရဟိတအဖွဲ့ တို့မှ ပြုစုကုသပေးပြီး လူနာတင်ယာဉ် ၅ စီးဖြင့် မော်လမြိုင်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့သည်။ ဆေးရုံကြီး OPD အရောက်တွင် အမျိုးသမီးတစ်ဦးသေဆုံးသွားသဖြင့် ရွှေနတ်တောင် လူမူကယ်ဆယ်ရေးအဖွဲ့မှ ဆေးရုံကြီး ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့​ကြောင်း သိရသည်။

မြင့်မြတ်​အောင်မြင် 

ဓါတ်ပုံ – မော်လမြိုင် Rescue အ​ရေး​ပေါ် လူမှုကယ်ဆယ်​ရေး

မော်လမြိုင်မြို့တွင် ယာဥ်သုံးစီးဆင့်တိုက် လူတစ်ဦး​သေဆုံး ၁၁ ဦးဒဏ်ရာရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.