မော်လမြိုင်တွင် သင်္ကြန်အကြို​နေ့တစ်ရက်တည်း ​ရပ်ကွက်သုံးခု၌ ဆိုင်ကယ်သုံးစီးခိုးခံရ

မော်လမြိုင်၊ ဧပြီ ၁၄

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ ​ဇေယျာမြိုင်ရပ်ကွက်၊ သီရိမြိုင်ရပ်ကွက်နှင့် ​မောင်ငံရပ်ကွက်တို့တွင် သင်္ကြန်အကြိုနေ့ ဧပြီ ၁၃ ရက် တစ်​နေ့တည်း ​​နေရာသုံးခု၌ ဆိုင်ကယ်သုံးစီး ခိုးခံရမှုဖြစ်ပွားခဲ့​ကြောင်း ​ဒေသခံပြည်သူများထံက သိရသည်။ ​​

“ ဇေယျာမြိုင်ရပ်ကွက်မှာ ဈေးဝယ်ရင်း ရပ်ထားတဲ့ဆိုင်ကယ်ကို ခိုး​ပြေးသွားတာပါ။ မိနစ်ပိုင်း​​လေးပဲကြာလိုက်တယ်။” ဟု ဆိုင်ကယ်ခိုးခံရသူ ပြည်သူတစ်ဦးက ယ​နေ့​ခေတ်သို့ ​​ပြောသည်။

အလားတူ သီရီမြိုင်ရပ်ကွက်နှင့် ​​မောင်ငံရက်ကွက်တို့က နေအိမ်ရှေ့၌ သံကြိုးခတ်ကာ ရပ်နားထားသည့်ဆိုင်ကယ်အား သံကြိုးများကို ပ​လေယာဖြင့်ကိုက်ဖြတ်ပြီး ခိုးခံလိုက်ရ​ကြောင်း ဆိုင်ကယ်ခိုးခံရသူ မိသားစုဝင်များထံက သိရသည်။


လက်ရှိ မော်လမြိုင်မြို့နယ်တွင် ခိုး၊ ဆိုး၊ လု၊ နှိုက်များက ပိုမိုအတင့်ရဲလာ​ပြီး ပစ္စည်းမရပါက လူအသတ်ပါအန္တရာယ်ပြုလာ​ကြောင်း ​​မော်လမြိုင်မြို့​နယ်​နေ ပြည်သူများက ယ​​နေ့​ခေတ်သို့ ​​ပြောသည်။

မြင့်မြတ်​အောင်မြင် 

ဓါတ်ပုံ – CJ

မော်လမြိုင်တွင် သင်္ကြန်အကြို​နေ့တစ်ရက်တည်း ​ရပ်ကွက်သုံးခု၌ ဆိုင်ကယ်သုံးစီးခိုးခံရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.